ရွာငံ

ရွာငံ-သာစည်ကြားရှိ PDF နေရာကို စစ်ကောင်စီကဝင်စီး၊ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ဖုန်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားဗီဒီယိုတွေ့ဟု သတင်းမှားဖြန့်

သျှမ်းပြည် ရွာငံ-သာစည်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျကျန်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းအားစစ်ဆေးရာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ဗီဒီယိုတွေ့ရှိသည်ဟု သတင်မှားဖြန့််ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် Mawshan Myay Media ဆိုသည့်အကောင့်မှ မတ်လ ၁၈ ရက်တွင်...

ရွာငံစစ်ရှောင် ကူညီသူမဲ့ ဆေးဝါးများနှင့် ရိက္ခာ လိုအပ်နေ

သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားဝတ်နေရေး အတွက် အခက်အခဲ ကြုံတွေ့နေရပြီး ကူညီသူများမရှိကြောင်း သိရသည်။ သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူများသည် ဒေသခံ အစွန်းအဖျားတွင်း စစ်ဘေးရှောင်နေရသူဦးရေ ၅၀ခန့်ရှိပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့ နေရပြီး တောထဲတွင်ရှာဖွေစားသောက်နေကြရကာ ကူညီသူများမရှိကြောင်း...

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင်...

ရွာငံတွင် ‌ပွဲစားများ ဈေးနှိမ်လို့ ကော်ဖီစိုက်တောင်သူများ အရှုံးဖြင့်ရောင်းနေရ

သျှမ်းပြည် ရွာငံမြို့နယ်တွင် တဆင့်ခံ ပွဲစားများက နိုင်ငံရေးမကောင်းမှုကို အခွင့်ကောင်းယူပြီး စျေးနှိမ်ကာ ကော်ဖီစိုက်တောင်သူများဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ယခုအချိန်အခါသည် ကော်ဖီအမှည့်သီးများ ထွက်သည့် ရာသီဖြစ်သည်။ ကော်ဖီစိုက်တောင်သူများသည် ကော်ဖီစက်ရုံများနှင့် တိုက်ရိုက်အဆက်သွယ်မရှိကြသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကော်ဖီစက်ရုံအထိ သွားရောက် မရောင်းနိုင်ဘဲ ပွဲစားများမှ တဆင့်ခံ ရောင်းရသည့်အတွက်...

ပျူစောထီးခေါင်းဆောင်တစ်ဦး တော်လှန်ရေးတပ်ဖွဲ့က ရှင်းလင်း

သျှမ်းပြည် ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ရွာငံမြို့နယ် တောင်ကြားကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင် ဦးကျောင်မဲကို ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီဝန်ကျင်၌ ရွာငံ PDF(JPRF)နှင့် မှော်ဘုရင် စစ်ကြောင်းတပ်ခွဲ...

ရွာငံတွင် သူခိုးများသောင်းကြမ်း ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေ

သျှမ်းပြည် တောင်ပိုင်း ရွာငံဒေသဖက်တွင် သူခိုးများ သောင်းကြမ်းနေပြီး ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာဖက်တွင် သူခိုးများသောင်းကြမ်းနေပြီး ဒေသထွက်သီးနှံဖြစ်သည့် လိမ္မော်သီးတွေကိုခိုးယူမှုထိရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "လိမ္မော်သီးကလဲစျေးကမကောင်းဘူး၊ ခုတလောမိုးကလဲအုံ့တော့ အသီးတွေကလည်း ပျက်တယ်။ ကြားထဲ သူခိုးကလည်း သောင်းကြမ်းနေတော့ ပိုဆိုးတာပေါ့။...

တော်လှန်ရေးရဲဘော်၏ မိသားစုဝင်များကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် ရွာငံမြို့နယ် ဂျိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်၏ မိသားစုဝင် ၈ဦး ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဂျိုးဖြူ မြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော် ကိုအောင်ပြူးကို ဖမ်းဆီးမရသည့်အတွက် ၎င်းမိသားစုဝင်...

ရွာငံ စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ထောက်ပို့လုပ်ရန် ကားများ ပေါ်တာဆွဲ

သျှမ်းပြည် တောင်ပိုင်း ရွာငံ ဒေသတွင် စစ်ကောင်စီဘက် မှ တဖတ်သတ် လက်နက်ကြီး ပစ်ခတ်ပြီး ဒေသခံများ၏ ရာသီပေါ် သီးနှံခြံများရှိ ခြံစောင့်တဲ (၅)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံလူငယ် တစ်ဦးထံမှ သိရှိရသည်။ "နိုဝင်ဘာ(၁)ရက်နေ့ကစပြီး ည(၉)နာရီလောက် မှာ ရွာငံဘက်ကို စစ်ကားအစီး(၂၀) တက်လာတယ်။ (၄)ရက်နေ့မှာတော့...

ရွာငံမြို့အတွင်း သူခိုးသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင် အခက်ကြုံ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့အတွင်း၌ စိုက်ခင်းသီးနှံသူခိုးများသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင်များက အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။ သီတက်းကျွတ်ကာလ နှောင်းပိုင်း နိုဝင်ဘာလ ပထမပတ်အတွင်းတွင် ရွာငံမြို့၊ အင်းကြီးကျေးရွာရှိ လိမ္မော်ခြံထဲ သူခိုးများ အုပ်စုရောက်ရှိနေပြီး ပိုင်ရှင်ဖြစ်သူကိုခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိူးသား တစ်ဦးကပြောငည်။ "အရင်တုန်းက သူခိုးဆိုရင် တစ်ယောက်စ၊ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။ ခုချိန်ကတော့...

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...

Latest news