သျှမ်းတောင်အတွင်း နည်းလမ်းမျိုးစုံသုံးပြီး ​ငွေလိမ်လည်သူများလာ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေမရှိမှုတွေကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ငွေလိမ်လည်သည့် လုပ်ငန်းများ ကြီးထွားလာကြောင်း စုံစမ်းသိရသည်။

ထိုငွေလိမ်လည်မှုများသည့် သျှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာဒေသခံများကို ပစ်မှတ်ထားပြီး လိမ်လည်နေကြပြီး၊ ငွေလိမ်လည်မှုများလည်းပုံစံမျိုးစံရှိလကြောင်း ရွာငံ ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်တွင် ငွေလိမ်လည်သူနှစ်ဦးမှ ရွာငံမြို့နယ်ရှိ ကျေးရွာများသို့ အလှကုန်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကို မဲဖောက်ပေးမည်ဟုဆို၍ ကျေးရွာအတွင်း ဝင်ရောက်ကာ ငွေလိမ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက် အိမ်နားရောက်လာတယ်။ သူတို့က အလှကုန်ပစ္စည်းတွေ နဲ့ ရေခဲသေတ္တာတွေကို မဲဖောက်ပေးမယ် ပြောတယ်။ မဲလိပ်ကို စစချင်း ၁ သိန်းနဲ့ဝယ်ခိုင်းတယ်။ ပေါင်းအိုး မဲပေါက်တော့ ပစ္စည်းက မပါလာဘူး ပြန်ယူအုံးမယ်ဆိုပြီး သွားခဲ့တာ။” ဟု အဆိုပါအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ငွေလိမ်သူ နှစ်ဦးကို ရွာသားတစ်ဦးမှ စစ်ဆေးမေးမြန်းရာ ၎င်းအုပ်စုသည် (၆)ဦးရှိကြောင်း၊ ၎င်းတို့မှာ ရန်ကုန်တိုင်းဘက်မှ လာရောက်ကြသည့် သူများဖြစ်ကြောင်း သိရသည်။
ထိုငွေကြေးလိမ်လည်သူ နှစ်ဉီးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီးနောက် နောင် ရွာငံမြို့နယ်အတွင်းသို့ ပြန်မလာရန် မှာကြားပြီး ပြန်လွှတ်ပေးကြောင်း အသက် (၃၀)အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရဲစခန်းတိုင်လည်း ဘာထူးမှာတုန်း။ အရေးလည်း မယူပေးတော့ သူတို့ကို နောက်ထပ် လိုက်မလိမ်စားနဲ့တော့ဆိုပြီး ပြန်လွှတ်လိုက်တယ်။ လိမ်သွားတဲ့ငွေတွေတော့ ပြန်မရတော့ဘူး။ တစ်ရွာလုံးနဲ့ဆို (၂၀ )ဖိုးလောက် လိမ်သွားတာ။ရွာကလည်း အယုံလွယ်ကြတာကို။” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

အလားတူ ပြီးခဲ့သည့် (၂၀၂၂ ခုနှစ်) တွင်လည်း လွိုင်လင်မြို့နယ်ဘက်တွင် ထီရောင်းသည်ဟုဆိုကာ မက်လုံးပေးပြီး ငွေလိမ်သွားကြောင်း လွိုင်လင်ဒေသခံ တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်ကလာမှန်းလဲ မသိဘူး။ နေအိမ်ထဲ အတင်းဝင်ပြီး ထီလာရောင်းတာ။ကျပ်( ၁၀ )သိန်းလောက် ပါသွားတယ်။ အယုံလွယ်ကြတော့ ပိုဆိုးတာပေါ့။ တို့ဆေးတွေများ ပါမလားမသိဘူး။ သူတို့အပြောမှာ မြောပြီးတော့ တောင်းသလောက် ပေးမိလိုက်ကြတာ။” ဟု လွိုင်လင် ဒေသခံ တစ်ဦးက ပြောသည်။

လိမ်လည်သူများသည် လိမ်နည်းအမျိုးမျိုးဖြင့် ရောက်လာနိုင်သောကြောင့် အယုံမလွယ်ကြရန် နှင့် ကျေးရွာအတွင်းသို့ သူစိမ်းများကို သေချာစစ်ဆေးပြီးမှ အဝင်ခံသင့်ကြောင်း အဆိုပါ ဒေသခံ တစ်ဦးက အသိပေး ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင်လည်း ဟိုပုံးမြို့နယ်ရှိ ကျေးရွာများတွင် စောင်နှင့် အခင်းများရောင်းသည်ဟုဆိုကာအုပ်စုလိုက် လာရောက်ပြီး သက်ကြီးရွယ်အိုများရှိသည့် နေအိမ်တွင် ငွေကျပ်သိန်း( ၃၀) ကျော် လိမ်လည်သွားသည်ဟု ဟိုပုံးဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...