ရွာငံတွင် စစ်ကောင်စီနှင့် DSNDA တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မင်းပလောင် ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး သွားကြောင်း DSNAမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်တွင် ရွာငံမြို့နယ် ရေလှကျေးရွာမှ စစ်ကောင်စီအင်အား (၁၁၀) ခန့်ရှိသော စစ်ကြောင်းသည် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းမထိုးမှီ DSNDAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၃)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာ ရရှိသွားခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ (၂၂) ရက်တွင် မင်းပလောင်ရွာကို စစ်ကောင်စီမှ မီးရှို့ခဲ့ကြောင်း လက်ရှိမှာ ကျေးရွာနေအိမ်တစ်ဝက်နီးပါး မီးလောင်နေကြောင်းလည်း DSNDA ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မင်းပလောင်ရွာက နေအိမ်တွေ မီးရှို့ခံထားရတယ် ။ခုထိ ရှို့နေတုန်း” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

မင်းပလောင် ကျေးရွာသည် ရွာငံမြို့နှင့် မိုင်( ၄၀) ကျော်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ သည့် ဒေသဖြစ်သည်။

ကျေးရွာမီးရှို့ခံရသောကြောင့် မင်းပလောင်ရွာမှ စစ်ရှောင်( ၇၀၀ )ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူညီ လိုအပ်နေကြောင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောသည်။

“ရွာတွင်း ပြည်သူအားလုံးထွက်ပြေးနေရတယ်။ စစ်ရှောင်ဦးရေက( ၇၀၀ ) ကျော်မယ်။ ဘယ်ဖက်တွေ ထွက်ပြေးတယ် ဆိုတာထက် သူတို့အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ။ တောတောင်ထဲ တို့ပေါ့။ သူတို့အတွက် ရိက္ခာနဲ့ ဆေးဝါးက လောဆယ် အရေးပေါ်လိုအပ်နေတယ်။” ဟု ၎င်း ပြန်ကြားရေးတာဝန်ခံ အမျိုးသား တစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ် မင်းပလောင် ဒေသတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု သိရသည်။

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA/DSNDF သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နိုဝင်ဘာလ ၁၁ ရက်တွင် တစ်နှစ်ပြည်ခဲ့ပြီး ရွာငံနှင့် ပင်းတယဒေသဖက်တွင် အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...