ရွာငံ စစ်ဆေးရေးဂိတ် တော်လှန်ရေးတပ် တိုက်ခိုက်မှု မူးယစ်ရဲ အပါအဝင် ရဲ ၇ ဦးသေ

သျှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့ပြင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းလွဲပိုင်းက တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ရာ မူးယစ်ရဲ ၆ ဦးနှင့် ရိုးရိုးရဲ ၁ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။

မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ- အောင်ပန်းမှ ရွှေညောင်-တောင်ကြီးသို့ သွားရာလမ်းရှိ ရွာငံ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရဲကင်း တိုက်ခိုက်ခံရသဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲသွားသည့် ရာနှင့်ချီသည့် ကားများ ပိတ်မိခဲ့ကြောင်း ကားသမား တစ်ဦးက ပြောသည်။

“ရွာငံမြို့ပြင် ဂိတ်မှာ ဖြစ်တော့ ကားတွေ ပိတ်နေတာ။ ကျနော်ကတော့ ကွင်းလမ်းက သွားလိုက်တယ်။ ပေါက်ကွဲသံတွေလည်း ကြားတယ်” ဟု ယမန်နေ့က အခြေအနေကို ကားသမား တစ်ဉီးက ပြောပြသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်လာပြီး နာရီအတန်ကြာ ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို မည်သည့် တော်လှန်ရေး တပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ရွာငံမြို့နယ်တွင် စစ်တပ် အထိုင်တပ် မရှိသော်လည်း ယခုနောက်ပိုင် စစ်တပ်က နေရာများစွာတွင် တပ်စွဲထားသည့် နည်းတူ ဒေသခံ ဓနု တိုင်းရင်းသားများကလည်း စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန် တိုက်ခိုက်နေဖြစ် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...