ရွာငံတွင် အမျိုးသားတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးနှင့် ပွေးနဖားရွာကြားတွင် အမျိုးသားတစ်ဦး အသတ်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်တွင် နွားဘန်းကြီးကျေးရွာအုပ်စု ပွေးနဖားကျေးရွာရှိ နာရေးတစ်ခု၌ ဖဲကစားကြပြီး ဖဲနိုင်သွားသည့် (အသက် ၅၀) အရွယ် ကိုသားငယ်ကြီး ဆိုသူသည် နွားဘန်းကြီး ကျေးရွာနှင့် ပွေးနဖားကျေးရွာကြားတွင် အသတ်ခံရကြောင်း ဒေသခံ အမျိုးသား တစ်ဦးထံမှ သိရသည်။

အဆိုပါ အသတ်ခံရသည့် အမျိုးသားသည် ရွာငံမြို့ ဈေးတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နာရေးနှင့် ပွဲလမ်းသဘင်များတွင် လောင်းကစားရုံ၌ အမြဲတွေ့ရလေ့ ရှိသူဖြစ်သည်။

“သူကလောင်းကစားနဲ့ အကျိုးပေးတယ် ပြောရမယ်။ အသုဘလဲ သူပါတယ်။ ဂျင်ဝိုင်းတွေလည်း သူပါတယ်။ သူက နိုင်တာများတယ်။အခုလဲ သူက ဖဲနိုင်တော့ ရှုံးတဲ့အဖွဲ့က သတ်လိုက်ကြတာ ဖြစ်မယ်။ ဓားဒဏ်ရာ တွေနဲ့ သေနေတာ။” ဟု အသတ်ခံရသူနှင့် တွေ့ဆုံဖူးသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့မှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသကဲ့သို့ မည်သူ့အဖွဲ့က သတ်လိုက်သည်ကို မသိရှိသေးကြောင်း၎င်း အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ယခုကဲ့သို့ လူသတ်မှုများ အတင်းပေါ်တာဆွဲခံရမှု များပြားလာခြင်းကြောင့် ရွာငံမြို့နယ်ရှိ ကျေးရွာအများစုလူငယ် များသည် ကြောက်လန့်နေကြရပြီး တစ်ယောက်တည်း သွားလာခြင်းများ မလုပ်ရဲတော့ကြောင်း အသက် (၂၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ခုက လူသတ်မှုတွေ ခဏခဏ ကြားလာနေရတော့ ဘယ်မှ မသွားရဲတော့ဘူး။ အရင်ကဆို တောခြံက ပြန်ရင် သူငယ်ချင်းတွေနဲ့ ခြင်းခတ်နေကြ။ ညဆို သွားလည်နေကြ။ ခုတော့ တောခြံကနေ စောစောပြန်ပြီး အိမ်မှာပဲ ဖုန်းပြန်သုံးပေါ့။ အဲလိုပဲ နေနေရတယ်။တစ်ယောက်တည်း ဘယ်မှ မသွားရဲဘူး။” ဟု အဆိုပါ လူငယ် တစ်ဦးက ပြောသည်။

ယခု လက်ရှိ ရွာငံမြို့နယ် ကျေးရွာအများစုတွင် စစ်တပ်များ တပ်စွဲထားပြီး ကျေးရွာအတွင်း အဝင်အထွက် ကို စစ်ဆေးမှုများ တင်းကြပ်နေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...