ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်းဇနီး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်း၏ဇနီး အသတ်ခံရကြောင်း ဒေသခံများ ပြောပြချက်အရသိရဿည်။

ယမန်နေ့ (အောက်တိုဘာလ ၁၂ ) ရက် ညနေ ၆ နာရီခွဲအချိန်တွင် အရပ်ဝတ်နှင့် အမည်မသိ လူ (၈) ဦးမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးကို လာရောက်ပစ်သတ်ခဲ့ပြီး ယနေ့ (အောက်တိုဘာလ ၁၃) ရက်နေ့တွင် ရွာငံဆေးရုံတွင် သင်္ဂြိုသွားမည် ဖြစ်ကြောင်း ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်၊ အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးသည် ရဲတပ်သား ကိုမော့၏ မိဘများလည်း ဖြစ်သည်။

အသတ်ခံရသည့်သူ နှစ်ဉီးသည် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရပ်ရွာထဲတွင်လည်း တက်ကြွလှုပ်ရှားသည့် လူငယ်များနှင့် ဒီမိုကရေစီ စနစ်ကို ကြိုက်နှစ်သက်သည့် လူများ အဖမ်းခံရအောင် စစ်ကောင်စီထံ သတင်းပေးသည့် သူလည်းဖြစ်သည်။

“ညနေ ၆ ခွဲတုန်းက သေနတ်သံကြားတယ်။ လန့်သွားတာပဲ။ အိမ်ထဲ ပြေးဝင်ပြီး လှုပ်တောင်မလှုပ်ရဲဘူး။ စစ်သားတွေ ဝင်တင်ထင်တာ။ ဘယ်ဟုတ်မလဲ လူငယ်တွေကို အဖမ်းခံရအောင် သတင်းပေးနေတဲ့ လင်မယားအသတ်ခံရတာ။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လာရောက်ပစ်ခတ်ခဲ့သော အမည်မသိ လူများသည် ဦးဇော်လွင်တို့ လင်မယားကို ပစ်ခတ်ပြီး အိမ်ရှေ့တွင် နောက်ထပ်ပစ်မှတ်ထား သည့် လူကျန်ရှိနေသေးကြောင်း စာကပ်ထားခဲ့သည်ဟု ၎င်းအမျိုးသားက ထပ်လောင်း ပြောသည်။

လက်ရှိ သိမ်ကုန်းရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ ရှိပြီး ကျေးရွာတွင်း ဒေသခံများ တောခြံသို့ လွတ်လပ်စွာမသွားရဲပဲ ကြောင့်ရွံ့နေကြကြောင်း သိရသည်။

“ရွာမှာ ပျူစောထီးတပ်ထဲကို ဝင်နေတဲ့သူတွေလဲရှိတော့ တောထဲတောင် သိပ်မသွားရဲဘူး။ သူတို့က ရွာသားအချင်းချင်းဆိုပေမဲ့ လက်နက်ရှိတော့ သူတို့က ညှာတာမှာ မဟုတ်ဘူး။ မကျေနပ် အမြင်မကြည်ရင် သတ်သွားမှာကြောက်တယ်။” ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးလင်မယား အသတ်ခံရပြီးနောက်ပိုင်း နောက်ဆက်တွဲ အနေဖြင့် စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများကို ဖိနှိပ် ခြိမ်းခြောက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိ ရွာငံမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နယ်မြေစိုးမိုးနေလျှက်ရှိပြီး ကျေးရွာများတွင်လည်း မကြာခဏ လာရောက် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...