ရွာငံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် အရပ်သား သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ဘုရားကြီးကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး နှင့် အရပ်သားတစ်ဉီး ကို အမည်မသိ လက်နက်ကိုင်က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက် ညနေ ၆ နာရီတွင် အမည်မသိ အမျိုးသားနှစ်ဉီးက စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်တို့၏ နေအိမ်ကို ရောက်ရှိလာသည်။

ထိုအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဇာ်မျိုးနိုင်နှင့် အရပ်သားဦးဆန်းဉီးတို့သည် ဧည့်ခန်း၌ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင် အမျိုးသားနှစ်ဉီးက ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သားတစ်ဉီး စကားပြောနေချိန်မှာ သေနတ်နဲ့ပစ်သတ်သွားတာပဲ။ နှစ်ယောက်စလုံးသေတယ်။ ဒီဘက်ကတော့ ပြောနေကြတာ PDF တွေလာသတ်တယ်လို့ပြောကြတာပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦး အသတ်ခံရပြီးနောက် စစ်တပ်မှ ကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးမှူများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီမှ လာရောက်တပ်စွဲကာ လုံခြုံရေးအခြေအနေ တင်းကြပ်ထားသည်ဟု ဘုန်းကြီးကုန်းကျေးရွာ ဒေသခံများကပြောသည်။

“ခုရက်ပိုင်း ရွာငံမှာ အသတ်ခံရတာတွေ ခဏခဏ ကြားနေရတော့ စိတ်တောင် မလုံခြုံတော့ဘူး။ အခုက ကိုယ်မကျေနပ်ရင် သတ်လို့ရတယ်။ဆိုတဲ့ပုံစံဖြစ်လာတော့ စိတ်ယော လူယော လုံခြုံမှု မပေးနေဘူး။ အခြေနေကပိုဆိုးလာမှာ စိုးရိမ်တယ်။”ဟု ဘုရားကြီးကုန်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ ပြီးခဲ့သည် စက်တင်ဘာလ (၂၁)ရက်တွင်လည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အမည်မသိလက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ယခုလက်ရှိ ရွာငံတွင် စစ်ရေးအရ ငြိမ်သက်နေသော်လည်း စစ်ဆေးရေးဂိတ်နှင့် ကျေးရွာများတွင် စစ်တပ်မှ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်များ ထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...