Wednesday, January 28, 2026

ရွာငံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် အရပ်သား သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ဘုရားကြီးကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး နှင့် အရပ်သားတစ်ဉီး ကို အမည်မသိ လက်နက်ကိုင်က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက် ညနေ ၆ နာရီတွင် အမည်မသိ အမျိုးသားနှစ်ဉီးက စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်တို့၏ နေအိမ်ကို ရောက်ရှိလာသည်။

ထိုအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဇာ်မျိုးနိုင်နှင့် အရပ်သားဦးဆန်းဉီးတို့သည် ဧည့်ခန်း၌ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင် အမျိုးသားနှစ်ဉီးက ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သားတစ်ဉီး စကားပြောနေချိန်မှာ သေနတ်နဲ့ပစ်သတ်သွားတာပဲ။ နှစ်ယောက်စလုံးသေတယ်။ ဒီဘက်ကတော့ ပြောနေကြတာ PDF တွေလာသတ်တယ်လို့ပြောကြတာပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦး အသတ်ခံရပြီးနောက် စစ်တပ်မှ ကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးမှူများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီမှ လာရောက်တပ်စွဲကာ လုံခြုံရေးအခြေအနေ တင်းကြပ်ထားသည်ဟု ဘုန်းကြီးကုန်းကျေးရွာ ဒေသခံများကပြောသည်။

“ခုရက်ပိုင်း ရွာငံမှာ အသတ်ခံရတာတွေ ခဏခဏ ကြားနေရတော့ စိတ်တောင် မလုံခြုံတော့ဘူး။ အခုက ကိုယ်မကျေနပ်ရင် သတ်လို့ရတယ်။ဆိုတဲ့ပုံစံဖြစ်လာတော့ စိတ်ယော လူယော လုံခြုံမှု မပေးနေဘူး။ အခြေနေကပိုဆိုးလာမှာ စိုးရိမ်တယ်။”ဟု ဘုရားကြီးကုန်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ ပြီးခဲ့သည် စက်တင်ဘာလ (၂၁)ရက်တွင်လည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အမည်မသိလက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ယခုလက်ရှိ ရွာငံတွင် စစ်ရေးအရ ငြိမ်သက်နေသော်လည်း စစ်ဆေးရေးဂိတ်နှင့် ကျေးရွာများတွင် စစ်တပ်မှ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်များ ထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...