ရွာငံ “ပိတုန်းကိုင်း” ရေပိုက်လိုင်း သောက်သုံးရေပြတ်လပ် မိုးရေခံသုံးနေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ နှင့် အနီးတဝိုက်ကျေးရွာများသို့ ဖြန့်ဝေနေသည့် “ပိတုန်းကိုင်း” ရေပိုက်လိုင်းပြတ်တောက်မှုကြောင့် သောက်သုံးရေ ပြတ်လတ်မှုကြုံနေပြီး၊ မိုးရေကို ခံသောက်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများကြောင့် တောင်ပြိုမှု၊ မြေပြိုမှုကြောင့် လူသေဆုံးမှု၊နေအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁ ရက်တွင် ရွာငံမြို့နှင့် ကျေးရွာအချို့တွင် အဓိကအသုံးပြုနေသည့် “ပိတုန်းကိုင်း” ရေပိုက်လိုင်းသည် မိုးရေတိုက်စားမှုကြောင့် ပေ ၇၀ ခန့် ပျက်စီးသွားခဲ့သဖြင့် သောက်သုံးရေပြတ်လပ်မှု ကြုံနေရကာ မိုးရေကိုခံပြီး သောက်သုံးနေရသည်။

“အခုက ရေသွယ်ထားတဲ့ပိုက်က အကုန်ပြတ်နေတာ။ သွားပြင်ရင်တော့ ၄ ရက်လောက်ကြာအုံးမှာ။ ရေကပြတ်ကုန်ပြီ။ အဲဒီ “ပိတုန်းကိုင်း” ရေတံခွန်ဖက်ကပဲ အဓိကအားထားပြီး အသုံးပြုနေရတော့ အဆင်မပြေဖြစ်နေတယ်။” ဟု ရွာငံမြို့တွင်း စည်ပင်သာယာရေးဌာနတွင် အလုပ်လုပ်နေသည့် ကိုထွန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရွာငံ “ပိတုန်းကိုင်း” ရေပိုက်လိုင်း

လက်ရှိတွင် ရေပိုက်လိုင်းများပြန်လည် ပြုပြင်ဆောင်ရွက်ပေးနေပြီး မြို့တွင်း ရေပြန်လည်ရရှိအောင် စီမံဆောင်ရွက်ပေး နေကြောင် ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကျေးရွာများတွင်လည်း ရေပြတ်လပ်နေတာကြောင့် မိုးရေကိုခံသုံးနေရပြီး ကိုယ်ထူကိုယ်ထဖြင့် ရေပိုက်လိုင်း ပြုပြင်ဆောင်ရွက်နေကြောင်း၊ ရေရှည် သောက်သုံးရေ ပြတ်လပ်ပါက ဒေသခံများအတွက် မလွယ်ကူကြောင်းလည်း ရေပြတ်မှုကို ကြုံတွေ့နေရသည့် ရေဉီး ဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရွာဆိုတော့ ရွာသားတွေကပဲ အချင်းချင်းတိုင်ပင်ပြီး ရေပိုက်လိုင်း ပြင်သွားနေရတယ်။ တစ်အိမ်တစ်ယောက်ခေါ်ပြီး ရေပိုက်လိုင်းလိုက်ပြင်နေတယ်။ မိုးကရွာနေတော့ မိုးရေခံပြီး ရေသုံးနေရတယ်။ ရေရှည်ပြတ်ရင်မလွယ်ဘူး။ အမြန်အဆင်ပြေအောင် ဆောင်ရွက်နေတယ်။” ဟု ရေဦးကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ပိတုန်းကိုင်း ရေပိုက်လိုင်းသည် ရွာငံမြို့ အရှေ့တောင်ဘက်တွင် တည်ရှိပြီး မြို့နှင့် မိုင်(၁၀၀) ကျော်ကွာဝေးပြီး ဆိုင်ကယ်ဖြင့် လမ်းတစ်ဝက်သာမောင်းနှင်လို့ရကာ ကျန်တစ်ဝက်ကို ခြေကျင်ဖြင့် တောင်ကုန်း နှင့် ချိုင့်ဝှမ်းကို ခက်ခဲ ဖြတ်သန်းသွားလာရကြောင်း ၎င်းကပြောသည်။

ရွာငံ “ပိတုန်းကိုင်း” ရေပိုက်လိုင်း

လက်ရှိရွာငံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရွာငံဖက်သို့ ကုန်သွယ်သွားလာနေသည့် အောင်ပန်း-မန္တလေး လမ်းနှင့် ကလော- အောင်ပန်းလမ်းတွင် ရေတိုက်စား မြေပြိုမှုကြောင့်လမ်းပျက်နေပြီး ကုန်ပစ္စည်း များပြတ်လပ်နေကြောင်း သိရသည်။

ယခုလက်ရှိ ရွာငံတွင်ဆန်တစ်အိတ်လျှင် မြန်မာကျပ်ငွ ၁သိန်းခွဲမျှဈေးရှိနေပြီး အခြားသောစားသောက်ကုန်များမှာလည်း ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာသည်။

ဆန်အဓိကထွက်သည့် သျှမ်းတောင် ပုံးအင်းဒေသတွင် စပါးဧက ထောင်ပေါင်းများစွာနှစ်မြှုပ်သွားတာကြောင့် ဆန်စပါးပို၍ရှားပါးခက်ခဲလာနိုင်ပြီး၊ လာမည့်နှစ်အတွက်လည်း ပြည်သူများအတွက် ဆန် ပြဿနာကြုံရနိုင်ကြောင်းလည်း ဆန်ကုန်သည်များက ပြောသည်။ 

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...