Wednesday, January 28, 2026

မြေမြုပ်မိုင်း

ကွတ်ခိုင် လမ်းခင်းလုပ်သား ၆ ဦး မိုင်းနင်းမိ၊ တစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးအပါအဝင် လမ်းခင်းလုပ်သား ၆ ဦးသည် မြေမြှုပ်မိုင်း နင်းမိ၍ တစ်ဦး သေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၇ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ တိုးဂိတ်အကျော်ရှိ ခရစ်ယာန်သုဿာန်အနီး၌...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...

မူဆယ်အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက် ဆုံးရှုံး

သျှမ်းပြည်မူဆယ်မြို့နယ်တွင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက် ဖြတ်ရသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ...

နမ့်ဆန် စစ်အကြွင်းအကျန် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီး ဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက် ၉ နာရီခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာ၊နောင်မိုရွာ သင်္ချိုင်းကုန်အနီးတွင် အမျိုးသားတစ်ဦး တံမြတ်စည်းပင် သွားခုတ်ရာမှ မိုင်းနင်းမိကာ ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူအိမ်အပြန်လမ်းမှာ မိုင်းနင်းမိတာ။မနေ့ညနေ ၅ နာရီလောက်က ဖြစ်သွားတာ”ဟု အသက် ၃၀ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်...

လားရှိုးမြို့နယ် သားအမိ နှစ်ဦး မိုင်းနင်းမိ ဒဏ်ရာ ပြင်းထန်

သျှမ်းပြည် လားရှိုးမြို့နယ် တွင် သားအမိနှစ်ဦးမှ မြေမြုပ်မိုင်း နင်းမိပြီး နှစ်ဦး စလုံး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက် ညနေ ၄ နာရီ ဝန်းကျင် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ အုပ်စု၊ နမ့်တွန်ကျေးရွာမှ...

သီပေါမြို့နယ် အရပ်သား ၂ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်ခုတွင် ယမန်နေ့ ( ဇန်နဝါရီ ၂၃)ရက် တွင် အရပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သား ၂ဦးသည် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ “အမျိုးသားတစ်ယောက်တော့ ခြေပြတ်သွားတယ်။...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက် နေ့လည် ၂ နာရီခွဲကျော်တွင် အမျိုးသားတစ်ဦး ထင်းသွားရှာနေ့စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်သွားကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...

မြေမြုပ်မိုင်းကြောင့် သေဆုံးမှု သျှမ်းပြည် အများဆုံးဖြစ်

သျှမ်းပြည်တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှုဦးရေ အများဆုံးဖြစ်ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်အကြွင်းကျန်...

မူဆယ်မြို့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်ပြတ်သွား

သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရွှေလီမြစ်(နမ့်မောဝ်) ကမ်းဘေး နွားခြံတစ်ခုအနီးတွင် ယနေ့ (ဒီဇင်ဘာလ ၂၃) ရက် နေ့လည် ၁ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦး...

Latest news