မြေမြုပ်မိုင်းကြောင့် သေဆုံးမှု သျှမ်းပြည် အများဆုံးဖြစ်

သျှမ်းပြည်တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှုဦးရေ အများဆုံးဖြစ်ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ထုတ်ပြန်လိုက်သည်။

Photo Credit to Taifreedom- အောက်တိုဘာ ၉ ရက် ကမိုင်းငေါ့မြို့နယ် အတွင်း လက်ဖက်သွားခူးသည့် လင်မယား ၂ ဦး မြေမြုပ်မိုင်းနင်းမိကာ အမျိုးသမီးဖြစ်သူ သေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်အကြွင်းကျန် ပစ္စည်းများကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှု ဖြစ်ပွားနေပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိမှတ်တမ်းများအရ သျှမ်းပြည်တွင် ၂၆.၅၅ ရာခိုင်နှုန်းနှင့် ကချင်ပြည်တွင် လူဦးရေ ၂၁.၈၂ ရာခိုင်နှုန်း ဒုတိယအများဖြစ်ကြောင်း ယမန်နေ့ (ဒီဇင်ဘာလ ၂၈)ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွင် တောတောင်အတွင်း သွားရောက်ရှာဖွေခြင်းကြောင့် ထိခိုက်သေဆုံးမှု အများစုဖြစ်ပြီး သျှမ်းပြည်မှာ မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို မသိဘဲ ကိုင်မိပေါက်မိ၍ ထိခိုက်သေဆုံးရကြောင်း Landmine & Cluster Munition Monitor မှ သုတေတသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ပြောသည်။

“ပြည်နယ်ဒေသတစ်ခုချင်းအလိုက်တော့ ဖြစ်စဉ်တွေတူချင်မှတူမယ်။ ဉပမာအားဖြင့် ရခိုင်မှာဆိုရင် တောထဲတောင်ထဲမှာသွားရင်းလာရင်း မိုင်းထိတာမျိုး များတာဖြစ်ပါမယ်။ ဒါကအများဆုံး အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် သျှမ်းပြည်နယ်မှာကျတော့ ပေါက်ကွဲစေတတ်သော မိုင်း၊ ပစ္စည်းတွေကို ကိုင်မိတာ၊ ပေါက်မိတာ၊ ထုမိတာ ဒီလိုမျိုးပေါက်ကွဲတာမျိုးကျတော့ သျှမ်းပြည်မှာဖြစ်တာ များပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မှတ်တမ်းများအရ သေဆုံးသူအများစုမှာ အရွယ်ရောက်ပြီးသူ အမျိုးသားများ ၅၉ ရာခိုင်နှုန်းဖြစ်ပြီး ကျား/မ ခွားခြားမရနိုင်သော အခြား ၂၃ ရာခိုင်နှုန်း၊ ကလေးသူငယ် ၁၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ရာခိုင်နှုန်းတို့ ပါဝင်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မိုင်းနှင့် စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူဦးရေတိုးများလာနေကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၆၈ မြို့နယ်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြုံနေရပြီး ၂၀၂၀ ခုနှစ်ထက် ၆၈ မြို့နယ်တိုးများလာကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၁၉၅ ဦးရှိရာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနှင့် ဒဏ်ရာရသူ ၁၆၁ အထိ ရှိလာသည်။

စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားများ နေထိုင်သည့် ကျေးရွာများ၊ ဘုရားကျောင်းများနှင့် အများပိုင် အဆောက်အဦးများအပြင် မိုဘုင်းလ်ဖုန်းတာဝါတိုင်များ၊ ကြေးနီမိုင်းများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုက်များကို ကာကွယ်ရန်အတွက် မြေမြုပ်များကို မကြာခဏ ထောင့်ထားလေ့ရှိကြောင်း အစီရင်ခံများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၂ ရှိ စစ်တပ်စခန်းအနီးသို့ အမျိုးသားတစ်ဦး ဖြတ်လျှောက်သွားရာ မိုင်းနင်းမိပြီး ညခြေထောက်ပြတ်ထွက်သွားခဲ့ကြောင်း လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူကအိမ်ခြေမဲ့ဆိုတော့ အိမ်မရှိဘူး။ ရပ်ကွက် ၂ ကနောက်ကြောဘက်က ခြုံပုတ်ထဲမှာတက်ရင်း မိုင်းနင်းမိတာ။ အဲ့ခြုံပုတ်က တပ်စခန်းနဲ့နီးတယ်လေ။ တပ်စခန်းနဲ့နီးတော့ မြေကြီးထဲမှာ မြုပ်ထားတဲ့မိုင်းကို နင်းမိတာ။ အဲ့ဘက်ကို သူအမြဲတမ်းသွားသွားလာလာ အိပ်နေတာပဲ။ အဲ့နေ့မနက်ကျမှ ဆင်းလာရင်း နင်းမိတာ” ဟု ၎င်းက ပြောသည်။

ထို့အတူ အစိုးရမဟုတ်သော စစ်တပ်ကိုဆန့်ကျင်သည့် တော်လှန်းရေးအဖွဲ့အစည်းများလည်း အဆိုပါမြေမြုပ်မိုင်းကို အသုံးပြုနေကြောင်း Landmine & Cluster Munition Monitor၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် သျှမ်းမြောက်ဒေသတွင် ဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲကြား မြေမြုပ်မိုင်း အပါအဝင် ပေါက်ကွဲစေတတ်သော စစ်အကြွန်းအကျန် ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရသူများလည်း ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်တွင် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာနေ အမျိုးသားတစ်ဦး ခြံသွားနေစဉ် မြေမြုပ်မိုင်းနင်းမိပြီး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ အလားတူ ဒီဇင်ဘာလ ၂၃ ရက်တွင် အမျိုးသားတစ်ဦး နွားခြံသွားရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားကောက်ယူထားသည့် စာရင်းအရ သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေစဉ် နှစ်လကျော်ကာလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး နှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၁၅၈ ဦးသေဆုံးသွားခဲ့ပြီ ဖြစ်သည်။

၁၉၉၉ ခုနှစ်စ၍ မြန်မာနိုင်ငံကို မြေမြှပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitorမှ စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာ လက်အချိန်ထိ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် လူပေါင်း ၆၁၀၀ ကျော်သေဆုံးရပြီး ၅၀၀ ကျော်မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...