လားရှိုးမြို့နယ် သားအမိ နှစ်ဦး မိုင်းနင်းမိ ဒဏ်ရာ ပြင်းထန်

သျှမ်းပြည် လားရှိုးမြို့နယ် တွင် သားအမိနှစ်ဦးမှ မြေမြုပ်မိုင်း နင်းမိပြီး နှစ်ဦး စလုံး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက် ညနေ ၄ နာရီ ဝန်းကျင် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ အုပ်စု၊ နမ့်တွန်ကျေးရွာမှ သားအမိနှစ်ဦးသည် ယာခင်း အနီး ထင်းရှာသွားရာမှ မြေမြုပ်မိုင်း နင်းမိပြီး နှစ်ဦး စလုံးမှ ဒဏ်ရာပြင်းထန် နေကြောင်း ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသား လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒီယာခင်းလည်း ရွာနဲ့ သိပ်မဝေးပါဘူး။ သူတို့က အဲ့ဘက်မှာ ထင်းသွား ယူနေကြရင်းနဲ့ မိုင်းကို နင်းမိတာ၊ နှစ်ယောက်စလုံး ဒဏ်ရာတော်တော်ပြင်းထန်တယ်။ အမေဖြစ်သူကဆိုရင် ခြေထောက်တစ်ဖက် ပြတ်ထွက် သွားတာ။ သမီးဖြစ်သူကတော့ မျက်နှာ တစ်ခုလုံး စုတ်ပြတ်သွားတာ။ ခုတော့ လားရှိုးက ဆေးရုံကြီးကို ပို့ထား လိုက်ပြီ” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသား လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းနင်းမိသူ သားအမိနှစ်ဦးအနက် မိခင်ဖြစ်သူက အသက် (၄၀) ကျော်ဝန်းကျင် နိုင်းဌေး ဆိုသူဖြစ်ပြီး သမီးဖြစ်သူက အသက် (၁၀) နှစ်မပြည့်သေးကြောင်းနှင့် သာမာန် နေ့စားမိသားစုများ ဖြစ်ကြသည့်အတွက် ဆေးကုသမှု အခက်အခဲ ရှိနေကြောင်းလည်း သိရသည်။

“မိသားစုကလည်း သိပ် အဆင်မပြေတော့ ဆေးကုသမှုတွေ အတွက်လည်း တွေးပူရတာပေါ့။ ပရဟိတ နဲ့ လူမှုကူညီရေးအသင်းတွေဆို ဆက်သွယ်ကြည့်ဖို့ အကြံပေးတဲ့လူလည်း ရှိတယ်။ ဒါပေမဲ့ စကားလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ကြဘူး။ ခုလည်း ဆေးရုံတင်ထားတောင် ခက်ခဲနေပြီ” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည့် နေရာသည် နမ့်တွန်ကျေးရွာ အထက် ဆင်ခေါင်းတောင်ခြေ အနီးဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းများသာ သွားလာလေ့ရှိကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်တွင်လည်း လားရှိုးမြို့ တောင်နောက်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မိုင်းအိုက်ထွန်း ဆိုသူလည်း တောင်ယာသွားနေချိန် မြေမြုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရကြောင်း လည်း သိရသည်။

သျှမ်းပြည်တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှု ဦးရေ အများဆုံးဖြစ်ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၌ ထုတ်ပြန် ခဲ့သည်။

စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားများ နေထိုင်သည့် ကျေးရွာများ၊ ဘုရားကျောင်းများနှင့် အများပိုင် အဆောက်အဦးများအပြင် မိုဘုင်းလ်ဖုန်းတာဝါတိုင်များ၊ ကြေးနီမိုင်းများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ကာကွယ်ရန်အတွက် မြေမြုပ်များကို မကြာခဏ ထောင့်ထားလေ့ရှိကြောင်း အစီရင်ခံများတွင် ဖော်ပြထားသည်။

ထို့အတူ အစိုးရမဟုတ်သော စစ်တပ်ကိုဆန့်ကျင်သည့် တော်လှန်းရေးအဖွဲ့အစည်းများလည်း အဆိုပါ မြေမြုပ်မိုင်းကို အသုံးပြုနေကြောင်း Landmine & Cluster Munition Monitor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...