သီပေါမြို့နယ် အရပ်သား ၂ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်ခုတွင် ယမန်နေ့ ( ဇန်နဝါရီ ၂၃)ရက် တွင် အရပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။

မြေမြုပ်မိုင်း နင်းမိ

အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သား ၂ဦးသည် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။

“အမျိုးသားတစ်ယောက်တော့ ခြေပြတ်သွားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီနားတဝိုက်မှာ အစာရှာစားနေတဲ့ ခွေး ၄ ကောင်လည်း မိုင်းနင်းမိပြီး ၄ ကောင်စလုံးသေသွားသေးတယ်။ အဲ့မှာက စစ်ကောင်စီ ခလရ-၂၃ နဲ့ နီးတယ်။ အခု ဒဏ်ရာရတဲ့ အမျိုးသား ၁ ကိုတော့ မန္တလေးဆေးရုံ ပို့ထားတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။


သီပေါမြို့နယ်တွင် ယခုဇန်နဝါရီလ တစ်လအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မကြာခဏ ကြားနေရကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်တွင် နမ္မတူ-သီပေါကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးမိုင်းတက်ဖိမိပြီး ပေါက်ကွဲရာ ယာဉ်မောင်း အမျိုးသား ၁ ဦး ဒဏ်ရာရှိခဲ့သည်။

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖော်ဆောင်လာပြီးနောက် ၃ လနီးပါးအကြာ မြေမြုပ်မိုင်း နင်းမိသူများ နေ့စဉ်နီးပါးလိုပင် ရှိလာသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) ရက်ထိ သျှမ်းမြောက်ဒေ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင် စသည့်ဖြင့် မြို့နယ်ပေါင်း ၁၀ ခုတွင် မြေမြုပ်မိုင်းနင်မိ၍ သေဆုံးသူ ၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၅ ဦးအထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူ ထားသောမှတ်တမ်းစာရင်းအရ သိရသည်။

ထိုထဲမှ သေဆုံးသူ ၂ ဦးသည် နမ့်ခမ်းမြို့မှ အမျိုးသမီး ၁ ဦးနှင့် ကျောက်မဲမြို့မှ အမျိုးသား ၁ ဦးဖြစ်သည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာဒေသတွင်း မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်တွင် မြေမြုပ်မိုင်းမိသူအများဆုံးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၇ ဦးအထိရှိသည်။

မြေမြုပ်မိုင်းနင်းသူများသည် မိုင်းခွဲဖျက်စီးခံရသော တံတားပေါ်သို့ ဖြတ်သန်းသွားလာခြင်းအပါအဝင် လမ်မပေါ်၊ ခြံဝန်းနှင့် စစ်တပ်စခန်းအနီးသို့ ဖြတ်လျှောက်သွားလာခြင်းကြောင့် မိုင်းနင်းမိခြင်း ဖြစ်သည်။

“ဖြစ်နိုင်ရင်တော့ တိုက်ပွဲဖြစ်တဲ့နေရာတွေ၊ စစ်သားတွေ သွားလာလှုပ်ရှားတဲ့နေရာတွေ မသွားရင်တော့ သင့်တော်တယ်။ အရေးကြီးကိစ္စရှိလို့ သွားရင်တစ်ပါး အဲ့မှာသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြးမှ သွားသင့်တယ်။ မိုင်းက ဘယ်မှာမြုပ်ထားမှန်းလည်း မသိတော့ သတိထားရတယ်။ လယ်ယာသွားလုပ်တဲ့ကျနော်တို့အတွက် အန္တရာယ်များတယ်။ လက်နက်ကိုင်အနေနဲ့လည်း မိုင်းတွေကို အသုံးမပြုဖို့ တောင်းဆိုချင်တယ်။” ဟု သီပေါမြို့ ဒေသခံတစ်ဦးက တောင်းဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်အကြွန်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူ သိသိသာသာတိုးလာနေပြီး မြို့နယ်ပေါင်းတစ်ဝက်ကျော်မှာ မြေမြုပ်မိုင်းအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာအဖွဲ့Landmine & Cluster Munition Monitor မှ ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...