Tuesday, January 27, 2026

မူးယစ်ဆေး

မိုးမိတ်မြို့နယ်အတွင်း SSPP မှ လူထုတွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် သျှမ်းတပ် SSPP/SSA မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများ ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မန်ဖွယ်ရွာသစ်၊ မန်အုံ၊ မိုးဘုံ၊ မန်ပတ်၊ လယ်ကြီးနှင့်...

ဘိန်းစာရွက်ရည်ကို ဖျော်ရည်သဘောနဲ့ သုံးစွဲလာကြ

ရက်ကောင်းရက်မြတ် ပွဲလမ်းသဘင်တွေ၊ လူမျိုးဓလေ့ ရိုးရာပွဲတော်တွေနဲ့ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေမှာ သောက်ရေသန့် ပုလင်းထဲထည့်ကာ ဖျော်ရည်လားလို့ ထင်ရလောက်အောင် စားပွဲတိုင်းမှာ မြင်တွေ့နေရပါတယ်။ အဲ့လို မြင်တွေ့ရမှု အများဆုံးကတော့ သျှမ်းပြည် အရှေ့ပိုင်း ဒေသတွေမှာပါ။ အဲ့ဒီ စားပွဲပေါ်မှာ ချထားတဲ့ အရည်တွေဟာ ဘိန်းစာပင် (Kratom) ကနေ...

ကျေးသီး ဒေသခံများကို ညဘက် အပြင်မထွက်ရန် SSPP သတိပေး

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာအချို့တွင် သျှမ်းပြည်လွတ်မြောက်ရေးပါတီ SSPP/SSA မှ မူးယစ်ဆေးသုံးစွဲနေသူကိုလိုက်လံ ဖမ်းဆီးနေပြီး၊ ပြည်သူများကို ညဘက် အပြင်မထွက်ရန် သတိပေးထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး SSPP/SSA တပ်ဖွဲ့ မှ ည ၉ နာရီကျော်တွင် ဒေသခံများကို အသွားအလာမလုပ်ရန်...

TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့်...

မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅ လောင်းထပ်မနည်း တွေ့ရှိနေသည်ဟု စုံစမ်းသိရသည်။ မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓားပြတိုက်မှုနှင့်အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ်မှုများ လာသဖြင့် တစ်လနှင့်တစ်လ ပိုင်ရှင်မဲ့အလောင်း...

ဟိုပုံးတွင် သဘာဝဘေးကြောင့် ဘိန်းစိုက်ခင်း ပျက်စီး၊ အရင်းမကျန်ဟုဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများသည် သဘာဝဘေးကြောင့် အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ စက်တင်ဘာလမှ စတင်ပြီး ဟိုပုံးမြို့နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မိုးသန်းထည်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးနီးပါး သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည်။ ထိုသဘာဝဘေးကြောင့် ဟိုပုံးမြို့တောင်ဘက် ဒေသများတွင်...

စိတ်ကြွဆေးသယ်ဆောင်သူများနှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ် မြန်မာနိုင်ငံသား ၆ ဦးသေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် အမှတ် (၃)ဒေသ ၃၂၀၇ နယ်စပ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မြန်မာဘက်က လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့သား ၁၀ ဦးဝန်ကျင်တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက် ထိုင်းအာဏာပိုင်များက ထုတ်ပြန်လာသည်။ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ်...

တာချီလိတ်ဘက်ကသွင်းသည့် စိတ်ကြွဆေးပြား ၆ သန်း ထိုင်းရဲဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က ပို့လာသည့် တန်ဖိုးဘတ်ငွေ သန်း ၁ထောင်ကျော်ရှိသည့် စိတ်ကြွဆေး ပြား ၆ သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရောင်းချသည့်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ မူးယစ်ဆေးဝါးတင်သွင်းသူများသည် ဘတ်သန်း ၁ထောင်ကျော် တန်ဖိုးရှိသော...

လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...

မိုင်းရှူးမြို့ မူးယစ်ဆေး‌ဝါး သုံးစွဲသည့် အမျိုးသားကြောင့် နေအိမ်မီးလောင်

သျှမ်းပြည် မိုင်းရှူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး နေအိမ်ကို မီးရှို့ပြီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၂ ရက်) ည ၉ နာရီခွဲဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၂) အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသားတစ်ဦးမှ နေအိမ်ကို မီးရှို့ခြင်းကြောင့်...

Latest news