Tuesday, January 27, 2026

မူဆယ်

မူဆယ် ပန်းဆေးပြည်သူ့စစ် တပ်သား နားနေဆောင် မီးလောင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းရှိ ပန်းဆေးပြည်သူ့စစ် တပ်သားများ နားနေဆောင် နှင့် အိပ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများရှိကြောင်း သတင်းသိရသည်။ အဆိုပါ မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၀) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် လျှပ်စစ်ဝါယာ ရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ရကြောင်း...

မြန်မာ – တရုတ် မူဆယ် နယ်စပ်တံခါးဖွင့်လှစ်တော့မည်

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ဂိတ်တံခါးများကို လာမည့် ဇန်နဝါရီ ၈ ရက်တွင် ဖွင့်လှစ်သွားမည်ဟု တရုတ်ဘက်က ယမန်နေ့ (ဇန်နဝါရီ ၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် တရုတ် - မြန်မာ နယ်စပ်ဂိတ် (၃) ခု အချိန်ကန့်သတ်ဖြင့်...

မူဆယ် နှင့် နမ့်ခမ်းမြို့တို့ ဖုန်းလိုင်း ၊ အင်တာနက်လိုင်းတွေ ပိတ်ခံရ

မြန်မာ - တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပိတ်ခံထားရကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှ စပြီး ယနေ့ (ဒီဇင်ဘာ ၂၆) ရက်ထိ မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တို့တွင် အကြောင်းမဲ့ ဖုန်းလိုင်း...

မူဆယ်မြို့နယ် လာရောက်နေထိုင်သူများ ရပ်ကွက်ထောက်ခံစာတောင်းခံရန်ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းသို့လာရောက်နေထိုင်သည့် တခြားဒေသမှ ပြည်သူများခရီးသွားရန်အတွက် ရပ်ကွက်ထောက်ခံစာတောင်းခံရာ တွင် ခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ်ထဲသို့ လွန်ခဲ့သည့် ၂ လမှစပြီး တစ်ခြားမြို့နယ် မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ထားသူများက လာရောက်နေထိုင်ပြီး ခရီးထွက်ရန် ရပ်ကွက်ထောက်ခံစာတောင်းခံရာတွင် တစ်ချို့က မရရှိကြောင်း သိရသည်။ “ သူတို့ မြို့ခံမဟုတ်ရင်တော့ ထောက်ခံစာရဖို့က ခက်တယ်။ ကျနော်ဆိုရင်...

ခရီးသွား ပြည်သူထံ စစ်ကောင်စီ မှ မှတ်ပုံတင် နှင့် ရပ်ကွက်ထောက်ခံစာ စစ်ဆေးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် - လားရှိုး ပြည်ထောင်စု လမ်းမပေါ် ရှိ ခရီးသွား ပြည်သူများထံ မှတ်ပုံတင် နှင့် ရပ်ကွက် ထောက်ခံစာ ဆောင်ထားခြင်း မရှိလျှင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက ငွေကြေးတောင်းယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး...

မူဆယ်မြို့ ပြည်သူ့စစ်နေအိမ် နှင့် တပ်စခန်းကို လက်နက်ကိုင် ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်ဆော် ရပ်ကွက်ရှိ မြို့မ ပြည်သူ့စစ် ခေါင်းဆောင်နေထိုင်ရာ အိမ် နှင့် တပ်စခန်း (၁) နေရာ ကို လက်နက်ကိုင် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၂၁) ရက် နံနက် ၄...

TNLA စစ်သားများ လုံခြုံရေးအကြောင်းပြပြီး ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လုံခြုံရေး အကြောင်းပြကာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များသည် ပြည်သူ့နေအိမ်ဝန်းအတွင်း ဝင်ရောက်နေရာယူကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၆ ရက် နံနက် ၈ နာရီ ဝန်းကျင်မှ စတင်ကာ TNLA တပ်ဖွဲ့များသည်...

မူဆယ်မြို့နယ် အမှတ် (၁) ဈေးနားတွင် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) ညဈေးတန်းနား (၃) ထပ်တိုက်အိမ်တစ်ခု ယနေ့ ဩဂုတ် (၁၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မီးလောင်သွားသည့် တိုက်သည် ကလေးကစားစရာ နှင့် စက်ဘီးဆိုင်ဖွင့်ထားသည့် တိုက်ဖြစ်ပြီး ၊...

မူဆယ်မြို့ စစ်ကောင်စီ အကောက်ခွန်အရာရှိတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီး၊ နှစ်ဦးပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်အကောက်ခွန်အရာရှိ တစ်ဦး ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားပြီး၊ နှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် (နံနက် ၉) နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပီတိလဖ္ဘက်ရည်ဆိုင်၌ မနက်စာ လာစားသည့် စစ်ကောင်စီ...

သျှမ်းပြည်တွင်း မြို့နယ် တချို့ စက်သုံးဆီများ ပြတ်လပ်နေဆဲ

သျှမ်းပြည်အတွင်းရှိ တချို့မြို့နယ်များတွင် စက်သုံးဆီများ ပြတ်လပ်နေသေးကြောင်း သတင်းသိရသည်။ စက်သုံးဆီပြတ်လပ်နေသည့် မြို့များမှာ သျှမ်းပြည်ဒေသများဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နမ္မတူ မြို့နယ်၊ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးမြို့၊ ညောင်ရွှေမြို့ တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းကဲ့သို့ စက်သုံးဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့်...

Latest news