တိုက်ပွဲများကြောင့် မူဆယ်-လားရှိုးလမ်းပိုင်း ကားရာနှင့်ချီ ပိတ်မိနေ

သျှမ်းပြည် မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်လာသော ကားများသည် တိုက်ပွဲများကြောင့် လမ်းပိုင်းတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားများသည် ယမန်နေ့ (ဇူလိုင် ၃ ရက်)မှစတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် လားရှိုးမြို့ အဝင်အထွက် ပိတ်ထားသဖြင့် မိုင်းတင်ကျေးရွာ အနီးတွင် ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကားများကို ထိမှန်မှုများလည်း ရှိနေကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကတော့ စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ကားတွေထိတယ်။ နမ့်ခမ်းကလာတဲ့ ကားတစ်စီးဆို ရွှေ့လို့မရတော့ဘူး။ ကားမှန်တွေလည်း ထိတယ်။ မနေ့ကတည်းက ပိတ်နေတာ သွားလို့ကို မရဘူး။ မန္တလေးဆင်းမယ့် ကားတွေကတော့ အဲ့မှာပဲ ရပ်ထားတာပေါ့ ။တချို့ ပြန်လှည့် လို့ရတဲ့ ကားတွေကတော့ လှည့်လာတယ်”ဟု မူဆယ်-လားရှိုးခရီးစဉ် ပြေးဆွဲနေသည့် ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပိတ်မိနေသော ကားသမားများသည် လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကြဲခံရမည်ကို စိုးရိမ်နေကြရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြည်သူ၏ ကားများကို သိမ်းယူသွားကြောင်း ခရီးသွားများထံမှ သိရသည်။

“ကိုးကန့်တပ်တွေကလည်း ကားကိုကြည့်ပြီး မြင့်တဲ့ကားကိုမှ ၃ စီးလောက်ကို ယူသွားတယ် လူပါခေါ်သွားတယ်။ ပြန်လွှတ်လာပြီလို့တော့ သိရတယ်။ ယူသွားတာက ကားကို စစ်မြေပြင်မှာ ပြန်သုံးဖို့လို့ ကြားတယ်၊ ခုက ခက်ခဲပါတယ်ဆို အဲ့လိုကားကို ယူသွားတော့ စိုးရိမ်ရတယ်။ သူတို့က ပြန်ပေးမယ်လို့သာ ပြောသာ ဒီကားနဲ့ပဲ လုပ်စားနေကြရတာ”ဟု ၎င်းခရီးသည်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃ ရက်)မှ စတင်ပြီး လားရှိုးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားပြီး မြို့ပတ်လည်ရှိ အီနိုင်း၊ မိုင်းတင်၊ မန်အိုင်၊ ကုန်းညောင်၊ ရှန်ခိုက် စသည့် ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ သီပေါမြို့တွင်လည်း ပြည်ထောင်စုလမ်းမကြီး အဝင်အထွက် လမ်း၊ တံတားများ အားလုံး ဖျက်ဆီးခံထားရသည့်အပြင် မြို့အနီးတစ်ဝိုက်နှင့် ကျောက်မဲ၊ လားရှိုး မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...