VPN အသုံးပြုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု တရုတ်အာဏာပိုင် ထုတ်ပြန်

သျှမ်းပြည် မြောက်ပိုင်း – တရုတ်နယ်စပ် ဒေသတွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပြီး သုံးစွဲပါကပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်း – တရုတ်နယ်စပ် ဒေသတို့တွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေငြိမ်ဝပ်ပိပြားရေးဥပဒေနှင့် ကွန်ရက်လုံခြုံရေးဥပဒေ အဖွဲ့အစည်းတို့မှ မေလ နောက်ဆုံးပတ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ VPN အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိပါက တရုတ်ယွမ်ငွေ ၁၅,၀၀၀ ယွမ် (ယခု ကာလပေါက်ဈေး မြန်မာကျပ်ငွေ ၈၇ သိန့်)ထိ ပေးဆောင်ရမည်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်ပြည်ထဲဝင်ပြီး VPN သုံးလို့ တွေ့မိရင် ဒဏ်ငွေပေးရမှာပါ။ တရုတ်ထဲဝင်ရင် ဒီနယ်စပ်တဝိုက်မှာက Wechat ပဲသုံးတာများတယ်။ တချို့ကျတော့ VPN သုံးတာပေါ့။ တရုတ်ပြည်ထဲရောက်နေတဲ့ လူတွေ ကလည်း VPN သုံးလို့မရတာ ၃ ရက်လောက်ရှိပြီလို့သိရတယ်။သူတို့မှာကျတော့ မြန်မာနိုင်ငံ သုံးဆော့ဝဲ တွေသုံးလို့မရဘူး”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

VPN ကို မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်စီအား ခွင့်ပြုချက်မရှိ၊ တရားမဝင်နိုင်ငံတကာ ကွန်ရက်ချိတ်ဆက်ခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး လက်ကိုင်ဖုန်းတွင် VPN ‌app အသုံးပြုခြင်းသည် တရားမဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီမှာက မြန်မာနိုင်ငံမှာ သုံးသလို Facebook တွေတခြားဟာတွေသုံးလို့မရဘူး။အဲ့ကြောင့် VPN ခံသုံးရတယ်။ တရုတ်ကထုတ်ထားတဲ့ App တွေပဲသုံးလို့ရတာ။VPN ခံရင်တောင်အကြာကြီးသုံးလို့မရဘူး”ဟု အသက် ၂၅ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်ပ Web page၊ Website အကြောင်းအရာများကို VPN အသုံးပြုသူ မည်သူမဆို သတိပေးချက်နှင့် ဒဏ်ငွေများပေးဆောင်ရမည်ဖြစ်ပြီး ဗီဒီယို နှင့် ကောလဟာလများကို ကြည့်ရှုခြင်း၊ ဖြန့်ဝေခြင်းအတွက် VPN ကို အသုံးပြုလျှင် ဥပဒေအရအပြစ်ပေးခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ရေးကိုယ်သာအသုံးပြုမှု၊ဒေါင်းလုဒ်ဆွဲခြင်း နှင့် Mobile app ရောင်းချခြင်းသည် တရားမဝင်သော လုပ်ဆောင်မှုများဖြစ်၍ ရဲဌာနမှတရားဥပဒေသ ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...