မူဆယ် ပစ်ခတ်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဧပြီ ၂၃)ရက် နေ့လယ်ပိုင်း၌ အမည်မသိလက်နက်ကိုင် အဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ သေဆုံးကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မူဆယ်မြို့ တောင်ရပ်ကွက် ယနေ့ (ဧပြီလ ၂၃ ရက်နေ့) နေ့လည် တွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်လိုက်သည့် ကျည်သည် လမ်းဘေးတွင် ထမင်းစားနားနေသည့် ကျပန်းအလုပ်သမား အမျိုးသားတစ်ဦးကို ထိမှန်ကာ သေဆုံးသွားပြီး ၎င်း၏
အလောင်းကို ယူဆောင်သွားခဲ့ကြောင်း အကြောင်းသိသည့် မူဆယ်ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြည့်ရတာ စစ်ကောင်စီနဲ့ စစ်တပ်လက်အောက်ခံတွေက ဓားပြ လုယက်မှုအဖွဲ့ကို လိုက်ဖမ်းကြတာ။ ကားပေါ်ကနေအချင်းချင်း ပစ်ခတ်ကြတာ။ကားနဲ့ လိုက်ဖမ်းပြီးပစ်တာကို ကားမထိပဲ အဲ့လူကို သွားထိတာ။ အဲ့လူကတော့ ကြုံရာကျပန်းလုပ်တဲ့ လူပါ။ ပရဟိတ အဖွဲ့က ဆေးရုံပို့ပြီးတဲ့နောက်မှာ သူ့ အလောင်းက ပစ်ခတ်ခဲ့တဲ့ အဖွဲ့က ဆေးရုံမှာ ပြန်လာယူသွားတယ်။”ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသားသည် အသက် ၃၀ ဝန်းကျင် ဦးမျိုးဖြစ်ပြီး တောင်ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့်သူဖြစ်ကာ အမျိုးသမီးနှင့် ကလေး ၂ ယောက် ရှိကြောင်းသိရသည်။

မတ်လဆန်းမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ဆက်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...