မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး AA သန့်ရှင်းရေးလုပ်

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ရက္ခိုင်တပ်တော် AA က မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းသိရသည်။

AA

ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ကားကြီးကွင်းနှင့် လမ်းမကြီးနံဘေး ဝဲယာတစ်လျှောက်၌ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း AA Info Desk မှ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင် ထုတ်ပြန်လာသည်။

သျှမ်းမြောက်တွင် စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများကို သန့်ရှင်းရေးပြုလုပ်ရာတွင် တစ်ဖွဲ့ချင်းအပြင် ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် ရောက်ရှိရာဒေသများတွင် လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ဒေသခံပြည်သူလူထုနှင့် အတူလက်တွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီပံ့ပိုးမှုအဖြစ် ညီနောင်မဟာမိတ် (၃)ဖွဲ့၏ တပ်ဖွဲ့ဝင် ရက္ခိုင့်တပ်တော် AA က ဆန်ပေးဝေခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ၁၀၅ မိုင် စစ်ဗျူဟာကုန်းကို ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့စလုံးက ပူးတွဲထိန်းချုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် “ဟိုင်ဂင်သဘောတူညီချက်”ရရှိခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်ရပ်ထားသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA မှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ကုန်းကြောင်း ရေကြောင်းဖြင့် အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုမကျန် တိုက်ခိုက်မည်ဟုလည်း ရာဇသံပေးထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...