မူဆယ်မြို့မှ ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရပြီး ရွေးရန်ပိုက်ဆံ မလုံလောက်သဖြင့် စိုးရိမ်နေရ

သျှမ်းပြည်  မူဆယ်မြို့နယ်အတွင်း၌ တစ်ရက်တည်းအတွင်း ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲ ခံရပြီး ရွေးရန် ပိုက်ဆံ မလုံလောက်သဖြင့် မိဘများက စိုးရိမ်နေကြရကြောင်း သိရသည်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်အချိန်၌ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းရပ်၌ နေထိုင်သည့်အသက် (၁၀) ကျော်နှင့် (၁၃) နှစ်ဝန်းကျင် ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း နီးစပ်သည့် အမျိုးသား တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်မှာကို လာဖမ်းသွားတာ၊ ကလေးငယ် နှစ်ယောက်က အိမ်ရှေ့မှာ ဆော့နေကြတဲ့ အချိန် မိဘတွေက နောက်ဖေးဘက်မှာ လုပ်စရာရှိတာ လုပ်နေတဲ့ အချိန် လာဖမ်းသွားတာ၊ ကလေးတွေ အော်သံကြားလို့ မိဘတွေ ပြေးထွက်လာပေမဲ့ မမှီတော့ဘူးလေ၊ ပြန်ပေးဆွဲအဖွဲ့က ကားနဲ့ လာသွားကြတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကလေးပြန်ပေးဆွဲ ဖမ်းခေါ်သွားသည့် အဖွဲ့သည် အဖြူရောင် ကားအမျိုးအစား နှင့် အမျိုးသား (၅) ဦး ဖြစ်ကြောင်းလည်းမြင်တွေ့ရသူများ၏ ပြန်ပြောပြချက် အရ သိရသည်။

ကလေးငယ်များ ဖမ်းဆီးခံရပြီးနောက် ညနေ (၆) နာရီဝန်းကျင် အချိန်တွင် ပြန်ပေးဆွဲသူအဖွဲ့မှ မိဘဖြစ်သူထံ  ပိုက်ဆံ မြန်မာငွေကျပ် သိန်း (၂၀၀) သို့မဟုတ် တရုတ်ငွေ ၁ သိန်းဖြင့် လာရောက်ရွေးယူရန် ဖုန်းဆက် အကြောင်းကြားလာကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့မိဘတွေကလည်း ကြက်ရောင်းနေကြတဲ့သူတွေပါ။ အဲ့လောက် ပိုက်ဆံ အများကြီး ဘယ်လို ရှာနိုင်မ တုန်း၊ အဲ့ကြောင့် ပိုက်ဆံလည်း မပေးရသေးဘူး၊ ကလေးတွေနဲ့လည်း အဆက်အသွယ်မရသေးလို့ မိဘဖြစ်သူတွေကတော့ ကလေးတွေအဖို့ စိတ်ပူတယ်၊စိုးရိမ်နေကြရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်. 

လက်ရှိအချိန်တွင် ကလေးများကို ပြန်ပေးဆွဲခေါ်သွားသည့် အဖွဲ့သည် မည်သူ မည်ဝါမှန်း မသိရကြောင်း ၊ ကလေးငယ်များကို မည်သည့်နေရာသို့ ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးသည့်အတွက် မိဘ နှင့် ဆွေမျိုးများက စိုးရိမ် နေကြကြောင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည့်  ရက်ပိုင်းအတွင်းမှာလည်း မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်အတွင်း နေထိုင်သည့် သံတိုသံစ များ လိုက်လံကောက်ယူ ရောင်းဝယ်နေသည့် အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးလည်း ပြန်ပေးဆွဲခံရပြီး ယနေ့ အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

မူဆယ်မြို့အတွင်း စစ်ကောင်စီ တပ်မှ လုံခြုံရေး ကင်းလှည့်ခြင်း၊ မာရှယ်လော ထုတ်ထားခြင်း နှင့် စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေကြသော်လည်း ခိုးဆိုးလုယက်မှုများ၊ ပြန်ပေးဆွဲမှုများသည် နေ့စဥ် နီးပါး ဖြစ်ပွားနေ လျက်ရှိကြောင်းလည်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...