Friday, June 28, 2024

မူဆယ် ၁၀၅ မိုင်တွင် ကျွဲခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

Must read

သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ကျွဲတစ်ကောင် ရွာအတွင်းလိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွဲတစ်ကောင်သည် ဇွန်လ ၂၂ ရက်နေ့ ညပိုင်းအချိန်တွင် ကားပေါ်တင်ဆောင်လာနေစဉ် ထွက်ပြေးလွှတ်မြောက်သွားပြီး ရွာအတွင်း ရမ်းခတ်ခဲ့ခြင်းဖြစ်သည်။

ကျွဲခတ်ခံရမှုကြောင့် နံရိုးနှင့် ရင်ဘတ်မှာ ဒဏ်ရာရရှိခဲ့သည့် အသက် ၅၂ နှစ်အရွယ်ရှိ ဒေါ်ကြာအေးဆိုသူသည် ကွတ်ခိုင်ဆေးရုံမှာ ဆေးကုနေစဉ် ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းအချိန်၌ သေဆုံးသွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

အလားတူ ကျွဲခတ်ခံရမှုကြောင့် ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရသူ လူ ၃ ဦးလည်း လက်ရှိ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ထို့အပြင် ပေါင်နှင့် လက်ဒဏ်ရာအနည်းငယ် ရရှိသည့် ၁၆ ဦးကို မူဆယ် ၁၀၅ မိုင် ဆေးခန်းနှင့် ကြက်ခြေနီရုံး ဆေးခန်းမှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article