မူဆယ်
မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...
မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...
မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...
တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။ ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။ “အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင်...
မူဆယ်မြို့ လွယ်တိန်ခမ်း သာသနာ့နယ်မြေကို ပွဲစားများ ကျူးကျော် မြေကွက်ရိုက်ပြန်ရောင်း
SHAN -
သျှမ်းပြည် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ သာသနာ့နယ်မြေကို ပွဲစားများ ပိုင်နက်ကျူးကျော်ကာ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ တိုက်ပွဲကြား အခွင့်ကောင်းယူပြီး မြေပွဲစားများနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပြင်နှင့် အနီးအနားရှိ မြေလွတ်မြေရိုင်းများကို ခွဲတမ်းကျ အကွက်ရိုက်ပြီး...
ရွေးကောက်ပွဲအတွက် မူဆယ်ရောက် ရွှေ့ပြောင်းလာသူများကို အိမ်ထောင်စုစာရင်းအသစ် လုပ်ပေး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဌာန(လဝက) က အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပရန် ကြေညာထားသည်။ သို့သော်လည်း မေလဆန်းပိုင်းမှ စတင်ပြီး...
မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်တရုတ်များကို FDMR မီးနဂါးတပ် လွှဲပေး
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို FDMR မီးနဂါးတပ်တော်မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နံနက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှတဆင့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ...
မူဆယ်မြို့ပေါ် ကျားဖြန့်လုပ်ကိုင်သူများကိုစစ်ကောင်စီက နေအိမ်ထိ လိုက်လံရှာဖွေ ဖမ်းဆီးနေ
စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ လုံခြုံရေးယူထားသော တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူများကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှစ၍ မူဆယ်မြို့ပေါ် ရှိ ရပ်ကွက်များအနက်...
မူဆယ်မြို့ စစ်ကောင်စီက ကျားဖြန့်လုပ်သူများကို ဖမ်းဆီးမှု ပြန်လုပ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် ယခုရက်ပိုင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်ဖိအားမှုကြောင့် မူဆယ်မြို့ကို စစ်ကောင်စီတပ်သားများက ယခုရက်တစ်ပတ်အတွင်း စွမ်းစော်ရပ်ကွက်၊ ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက် စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့ကြောင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်...






