မူဆယ်မြို့
မူဆယ်မြို့ ဆရာဝန်တစ်ဦး လူနာဆေးကုပေးနေစဉ် ပြန်ပေးဆွဲခံရ
သျှမ်းပြည် မူဆယ်မြို့ ဆေးခန်းတစ်ခုမှ ဆရာဝန်သည် လူနာများကို ဆေးကုသမှု ပေးနေစဉ် အမည်မသိ အဖွဲ့တစ်ခုမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၉ ရက်) ညနေ ၅ နာရီကျော်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့်...
မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တစ်ထောင်ကျော် ဖမ်းဆီးခံရ၊ မြန်မာလူငယ်များကို ငွေဖြင့် ပြန်ရွေးခိုင်း
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ လူ တစ်ထောင်ကျော်ကို ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနှင့် တရုတ်နိုင်ငံသား စုစုပေါင်း...
မူဆယ်မြို့ တစ်ရက်တည်း လူပြန်ပေးဆွဲမှု ၂ ကြိမ်ဖြစ်ပွား၊ ဓားပြတိုက်ခံရမှု နေ့စဉ်နီးပါး ရှိနေ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တစ်ရက်အတွင်း လူပြန်ပေးဆွဲပြီး ငွေခြိမ်းခြောက်တောင်းဆိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၈ နာရီခန့်က မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ဖူလီလိုက်ဟိုတယ်အနီး ဖုန်းအရောင်းဆိုင်ကို အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို...
မူဆယ် လက်နက်ကိုင်အယောင်ဆောင်အဖွဲ့ အွန်လိုင်းစာပို့ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှု ဆက်ရှိနေ
သျှမ်းပြည် မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များမှ ဒေသခံများထံ အွန်လိုင်းစာပို့ ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှုများ ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မူဆယ်မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF)...
မူဆယ်မြို့ ဆက်ကြေးမပေးသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ခတ် ဖမ်းဆီး
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၇ ရက်) ညအချိန်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ တွင်းစတား ဟိုတယ်အနီး ပင်လုံ ၁ လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့်...
မူဆယ် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲ
သျှမ်းပြည် မူဆယ်မြို့တွင် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ၏ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၃ ရက်) နံနက် ၃ နာရီကျော်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့်...
မူဆယ် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံ လက်ပစ်ဗုံး ပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်
မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အယောင်ဆောင်အဖွဲ့ MSPDF က နှစ်ရက်ဆက်တိုက် လက်ပစ်ဗုံး လာရောက်ပစ်ချပြီး Viber မှတဆင့် ငွေညှစ်တောင်းခံစာနှင့် မိသားစုဝင်များကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့တွင်...
မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...
မူဆယ် M2 ဟိုတယ်ရှေ့ လင်မယားနှစ်ဦး သေနတ်ပစ်ခံရ၊ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ
သျှမ်းပြည် မူဆယ်မြို့ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူများမှ သေနတ်ပစ်ခတ်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူနှစ်ဦးမှ...
မူဆယ်မြို့တွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၊ နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို အလုအယက် ပြုလုပ်နေ
သျှမ်းပြည် မူဆယ်ခရိုင် ဒေသခံများသည် တရုတ်နှစ်သစ်ကူးပြီးနောက် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် ပြုလုပ်နေကြကြောင်း စုံစမ်းသိရသည်။ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ ပန်ဆိုင်း၊ မန်ဟီးရိုး၊ မုံးကိုးနှင့် နမ့်ခမ်းမြို့များမှ ဒေသခံပြည်သူများသည် တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလ ၈/၉ ရက်နောက်ပိုင်း...





