မူဆယ် လက်နက်ကိုင်အယောင်ဆောင်အဖွဲ့ အွန်လိုင်းစာပို့ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှု ဆက်ရှိနေ

သျှမ်းပြည် မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များမှ ဒေသခံများထံ အွန်လိုင်းစာပို့ ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှုများ ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မူဆယ်မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ ဆက်ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ပြန်ပေးဆွဲပြီး ဖမ်းခံရလို့ ပြန်လွတ်လာတဲ့လူတွေကို မေးကြည့်တော့ သူတို့ဖမ်းသွားတာဆို အများကြီးရှိတယ်၊ သူတို့နဲ့ သွားနေရတာ တစ်ယောက်တည်း မဟုတ်ဘဲနဲ့ နေရာတိုင်းက ဖမ်းလာတာလို့ ပြောတယ်။ ဘယ်သူမှ အသံမထွက်ရဲတော့ အခုလို ခြိမ်းခြောက်ဖိနှိပ်မှုက ဆက်ရှိနေဦးမှာပဲ။ အခုထိလည်း စာပို့ခြိမ်းခြောက်ပြီး ငွေညှစ်နေတာ နေ့တိုင်းပဲ”ဟု မူဆယ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ ၁၉ နှင့် ၂၀ ရက်တို့တွင် မူဆယ်မြို့ရှိ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) ဟုဆိုကာ မြို့ပေါ်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်ပစ္စည်းနှင့် ဖုန်းဆိုင်များသို့ Viber မှတဆင့် စာပို့ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံနေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် စာပို့ခြိမ်းခြောက်လာသည့် ၎င်းတို့အဖွဲ့ကို ညှိနှိုင်းစကားပြောဆိုမှု မရှိခြင်း၊ အကြောင်းပြန်ကြားမှု မရှိခြင်းတို့ ပြုလုပ်ပါက မိသားစုနှင့် ဝန်ထမ်းအသက်ကို အိမ်တွင် လာရောက်ပစ်ခတ်၍ ဗုံးဖောက်ခွဲပြီး လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်း ထားရှိမည်ဟုလည်း ထပ်မံခြိမ်းခြောက်ထားသည်။

“သာမန် ပြည်သူတွေကတော့ ဓားပြတိုက်ခံရတာပဲဖြစ်ဖြစ်၊ လူပြန်ပေးဆွဲခံရတာပဲဖြစ်ဖြစ် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ TNLA ဆိုရင်လည်း ပြည်သူတွေဆီ ဆက်ကြေးပဲ ခနခန လာကောက်တာ ဘာလုံခြုံရေးမှ တာဝန်မယူပေးနိုင်ဘူး။ ပိုက်ဆံလာတောင်းတဲ့အချိန်ပဲ ဘယ်လိုတာဝန်ယူပေးမယ် ဆိုတာ ပြောတာ၊ တကယ်တမ်း ဘယ်အဖွဲ့မှ အားကိုးလို့မရဘူး”မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့နယ်တွင် ယခင်က နာမည်ကြီးခဲ့သည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများသည် နေရာပြောင်းရွှေ့ လည်ပတ်နေပြီး မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်သို့ သွားသည့် ပြည်ထောင်စု လမ်းမကြီးတလျှောက် ဂုံးဂင်း လေးကောင်ဂျင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ ရဟတ်ယာဉ်ကွင်းနှင့် ဂေါက်ကွင်းဘက်၊ ကောင်းမူးတုံရပ်ကွက် ပန်လုံ ၁ နှင့် ၂ လမ်းတလျှောက်နှင့် လုံထန်ပြည်သူ့စစ်အဖွဲ့သည် ပန်ခမ်းနှင့် စွမ်စော်ရပ်ကွက်တို့တွင် လောင်းကစားဝိုင်း လုပ်ငန်းများ ဖွင့်လှစ်ထားပြီး ဂိမ်းဆိုင်များတွင်လည်း ပြည်သူ့စစ်များက လုံခြုံရေးယူ‌ပေးထားသည်ဟု ဒေသခံများထံမှ သိရသည်။

“မြို့ပတ်ပတ်လည်မှာ လက်နက်ကိုင်အဖွဲ့ ရှိနေပေမယ့် မြို့ထဲမှာက ရှုပ်နေတုန်းပဲ။ စစ်ကောင်စီက ပြည်သူ့စစ်တွေကိုလည်း လွှတ်ထားတယ်၊ သူခိုးဓားပြနဲ့ သူတို့တွေက တစ်အုပ်စုထဲတောင် ဖြစ်မှာ။ ရဲတွေက ဖမ်းမိရင်တောင်မှ သူတို့လူ ဆိုပြီးတော့ ပြန်လာထုတ်သွားတယ်လို့‌ ပြောတယ်။ သူတို့ ထုတ်မပြောပေမယ့် တစ်ဖွဲ့တည်းပဲ၊ တခြားနာမည်နဲ့ ထပ်ဖွဲ့ပြီး လုပ်စားနေကြတာ”ဟု မူဆယ်မြို့မှ ၎င်းလက်နက်ကိုင် အယောင်ဆောင်အဖွဲ့များ၏ ခြိမ်းခြောက်ငွေတောင်းခံရသူ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပန်လုံ ၁ လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့် MSPDF အယောင်ဆောင်အဖွဲ့မှ လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခဲ့ပြီး မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...