မူဆယ်မြို့ ဆရာဝန်တစ်ဦး လူနာဆေးကုပေးနေစဉ် ပြန်ပေးဆွဲခံရ

သျှမ်းပြည် မူဆယ်မြို့ ဆေးခန်းတစ်ခုမှ ဆရာဝန်သည် လူနာများကို ဆေးကုသမှု ပေးနေစဉ် အမည်မသိ အဖွဲ့တစ်ခုမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၉ ရက်‌) ညနေ ၅ နာရီကျော်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် ဒေါက်တာမိုးကျော်နိုင် အမည်ရှိ ဆရာဝန်သည် လူနာများကို ဆေးကုသမှု ပေးနေစဉ် အမည်မသိ လူ ၄ ဦးက ကားဖြင့် ရောက်ရှိလာပြီး ၎င်းဆရာဝန်အား ရိုက်နှက်ဖမ်းဆီး၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“သူ့ဆေးခန်းထဲမှာ လူနာကုနေတုန်း ဖမ်းခံရတာ။ တချို့လူနာဆို ဆေးချိတ်ထားတုန်း ရှိနေသေးတယ်။ တချို့လည်း ဆရာဝန်ကို စောင့်နေတဲ့ လူနာတွေ ရှိနေတယ်။ စုစုပေါင်း ၄ ယောက်လာတာ၊ ၂ ယောက်က ကားပေါ်ကဆင်းပြီး ဆရာဝန်ကို ရိုက်နှက်ပြီးတော့ ကားပေါ် တင်ခေါ်သွားတာ”ဟု ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါဆရာဝန်ကို ပြန်ပေးဆွဲခေါ်သွားသည့် အဖွဲ့ကို မည်သည့် အဖွဲ့အစည်းမှန်း မသိရသေးဘဲ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးသည့်အတွက် မိသားစုနှင့် ဆွေမျိုးများက စိုးရိမ်နေကြကြောင်း သိရသည်။

ယခုကဲ့သို့ မူဆယ်မြို့လယ်ခေါင်ရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးကို အမည်မသိအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် မြို့ပေါ်တွင် လုံခြုံမှု လုံးဝ မရှိတော့ဘဲ ဒေသခံပြည်သူများမှာ လုံခြုံ‌ရေး စိုးရိမ်ထိတ်လန့်နေရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ဆေးကုတဲ့ ဆရာဝန်ကြီးကိုတောင်မှ ပြန်ပေးဆွဲတာဆိုတော့ ဘာကြောင့်ဖမ်းချင်မှန်း စဉ်းစားလို့ မရတော့ဘူး။ ကိုယ့်ဘာသာ သမ္မာအာဇီဝနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်စားတာတောင် ဓားပြတိုက် ပြန်ပေးဆွဲချင်တဲ့လူက သက်သက်ကို ရှိတာ။ အခုက မြို့ပေါ်မှာ လုံခြုံရေးက လုံးဝကို မရှိတော့တာ။ ကိုယ့်ထမင်းကိုယ် စားပြီး နေ့နေ့ညည အဖွဲ့တိုင်းကို ကြောက်နေရတယ်”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ မတ်လ ၂၆ ရက်ကလည်း မူဆယ်မြို့ရှိ ကောင်းမူးတုံနှင့် ဈေးရပ်ကွက်တို့တွင် တစ်ရက်အတွင်း လူပြန်ပေးဆွဲပြီး ငွေခြိမ်းခြောက်တောင်းဆိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ လက်ပစ်ဗုံးပို့ကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးမပေးသူများကို သေနတ်ပစ်ခတ် ဖမ်းဆီးခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းကြောင့် လုံခြုံရေး စိုးရိမ်ပူပန်ရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

မတ်လဆန်းမှ စတင်ပြီး မူဆယ်မြို့ရှိ ၎င်းလက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ဆက်ရှိနေသေးကြောင်း သိရသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးရမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...