Tuesday, January 27, 2026

မူဆယ်မြို့ တစ်ရက်တည်း လူပြန်ပေးဆွဲမှု ၂ ကြိမ်ဖြစ်ပွား၊ ဓားပြတိုက်ခံရမှု နေ့စဉ်နီးပါး ရှိနေ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တစ်ရက်အတွင်း လူပြန်ပေးဆွဲပြီး ငွေခြိမ်းခြောက်တောင်းဆိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၈ နာရီခန့်က မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ဖူလီလိုက်ဟိုတယ်အနီး ဖုန်းအရောင်းဆိုင်ကို အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ခြိမ်းခြောက်ကာ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆိုင်အတွင်းရှိ ငွေကြေးများကိုလည်း အတင်းအဓမ္မ တောင်းယူသွားခဲ့သည်။

အလားတူ မတ်လ ၂၆ ရက် တစ်ရက်တည်းတွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ပင်လယ်စာ ရောင်းချသည့် နေအိမ်သို့လည်း အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပိုင်ရှင်အား ပြန်ပေးဆွဲသွားခဲ့ပြီး ငွေညှစ်တောင်းခံနေကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“လူပြန်ပေးဆွဲတာ လမ်းမကြီးဘေးက ဖုန်းဆိုင်မှာပဲ၊ အင်္ကျီအနက်ရောင်နဲ့ ဆိုင်ရှင်ကို လက်ထိပ်ခတ် ခေါ်သွားတာ။ ဈေးရပ်ကွက်မှာ အသားတုနဲ့ ပင်လယ်စာ ရောင်းတဲ့ နောက်တစ်အိမ်ကိုလည်း လူပြန်ပေးဆွဲတာ။ မနေ့က တစ်ရက်တည်းကို မူဆယ်မှာ ပြန်ပေးဆွဲမှု နှစ်ခုဖြစ်တာ။ ဖမ်းခံရတဲ့လူရဲ့ အခြေအနေက အခုထိ မသိရသေးဘူး”ဟု မူဆယ်မြို့မှ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအမျိုးသားကို ပြန်ပေးဆွဲခေါ်သွားသည့် အဖွဲ့သည် မည်သည့် အဖွဲ့အစည်းဖြစ်သည်ကို မသိရသေးဘဲ မည်သည့်နေရာသို့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးသည့်အတွက် ဆွေမျိုးများက စိုးရိမ်နေကြကြောင်း သိရသည်။

ထို့အပြင် မတ်လ ၁၇ ရက်နေ့ကလည်း မူဆယ်မြို့နယ် ပေါက်နေရပ်ကွက်တွင် တရုတ်ငွေ လဲလှယ်လာသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်နှစ်ဦးက နောက်ယောင်ခံလိုက်လာပြီး ဓားပြတိုက်သွားခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“၁၇ ရက်ကလည်း ပေါက်နေ (ဟိုမွန်) ရပ်ကွက် တရုတ်ငွေလဲလာတဲ့ လူကို နောက်ယောင်ခံ လိုက်လာပြီး ဓားပြတိုက်တာ၊ ဆိုင်ကယ်တူးဘောက်ထဲရှိတဲ့ ပိုက်ဆံတွေကော တရုတ်ယွမ် ၃ သောင်းကျော် အကုန်ယူသွားတယ်။ ဓားပြတိုက်ခံရတာနဲ့ မနေ့က (မတ် ၂၆ ရက်) လူပြန်ပေးဆွဲခံရတာက ကျူးလွန်တဲ့လူ ပုံစံကြည့်ရင် အတူတူပဲဖြစ်မှာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မတ်လဆန်းမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ဆက်ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ပြန်ပေးဆွဲလို့ ဖမ်းခံရပြီး ပြန်လွတ်လာတဲ့လူတွေကို မေးကြည့်တော့ သူတို့ဖမ်းသွားတာဆို အများကြီးရှိတယ်၊ သူတို့ဖမ်းသွားတာ တစ်ယောက်နှစ်ယောက် မဟုတ်ဘဲနဲ့ အများကြီး အဖမ်းခံရတာလို့ပြောတယ်။ ဘယ်သူမှ အသံမထွက်ရဲတော့ အခုလို ခြိမ်းခြောက်ဖိနှိပ်မှုက ဆက်ရှိနေဦးမှာပဲ။ အခုထိလည်း စာပို့ခြိမ်းခြောက်ပြီး ငွေညှစ်ခံနေရတာ နေ့တိုင်းပဲ”ဟု မူဆယ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လအတွင်း မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ ၎င်းတို့ထံ ပြန်လည်မဆက်သွယ်သူများထံ လက်ပစ်ဗုံးပို့ကာ အသက်အန္တရာအထိ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးမပေးသူများကို သေနတ်ပစ်ခတ် ဖမ်းဆီးခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများ ခပ်စိပ်စိပ် ဖြစ်လာခြင်းကြောင့် လုံခြုံရေး စိုးရိမ်ပူပန်ရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“မူဆယ်မှာက စစ်ကောင်စီကိုယ်တိုင်လည်း သူ့အတွက်တောင် လုံခြုံရေးမယူတော့ဘူး။ သူ့လက်အောက်က သေနတ်ကိုင်ထားတဲ့ ပြည်သူ့စစ်တွေလည်း အဖွဲ့ ၂၀ ကျော်ရှိတာ။ မြို့ပတ်လည်မှာ မဟာမိတ်တွေ ဝိုင်းထားတော့ သူတို့က အရင်လို အပြင်ထွက်ပြီး ငွေရှာလို့ မရတော့ဘူး။ အဲ့တော့ မြို့ထဲရှိတဲ့ ပြည်သူဆီကနေပဲ ရတဲ့နည်းနဲ့ ငွေရှာနေတာ။ တရားဥပဒေစိုးမိုးမှုက လုံးဝ ပျက်စီးသွားပြီ”ဟု သျှမ်းပြည်အရေး လေ့လာသုံးသပ်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့များ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အလျောက် ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။