မူဆယ် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲ

သျှမ်းပြည် မူဆယ်မြို့တွင် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ၏ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယနေ့ (မတ်လ ၁၃ ရက်) နံနက် ၃ နာရီကျော်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့် MSPDF အယောင်ဆောင်အဖွဲ့မှ လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ဒီနေ့မနက် ၃ နာရီကျော် ၁၀ မိနစ်က ဗုံးပေါက်ကွဲတာ၊ အကျယ်ကြီးကြားတာ။ အသံမိုင်းပဲ၊ အိမ်သားတွေလည်း အိမ်မှာ ရှိသေးတယ်။ ပိုက်ဆံတောင်းလို့ မပေးတာ၊ အရင်ရက်က လာပစ်တဲ့ လက်ပစ်ဗုံးက ရဲတွေလာဖြုတ်သွားတယ်။ အခုက ပိုက်ဆံရှိတဲ့ လူတွေတော့ ပိုသတိထားရတယ်။ တချို့လည်း ထွက်ပြေးကုန်ကြပြီ”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခံရသည့် နေအိမ်သည် မတ်လ ၉ နှင့် ၁၀ ရက်တွင်လည်း မူဆယ် PDF အမည်ခံ MDPDF အယောင်ဆောင်အဖွဲ့မှ စနက်တံ မဖြုတ်ရသေးသည့် လက်ပစ်ဗုံး ၂ လုံးကို ပလတ်စတစ်အိတ်နှင့် ထုပ်ပိုး၍ ပေးပို့ခဲ့ပြီး မိသားစုဝင်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း ငွေညှစ်တောင်းခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

“Viber ထဲကနေ စာပို့ခြိမ်းခြောက်ပြီး သိန်း ၅၀၀ တောင်းတာ MDPDF နာမည်နဲ့။ ဘယ်မှလဲ သွားတိုင်လို့မရဘူး၊ တိုင်စရာ နေရာလည်း မရှိဘူး။ သူတို့ စာပို့လာတဲ့အထဲမှာလည်း စကစဆီကိုပဲ တိုင်တိုင်၊ လက်နက်ကိုင်တပ်ဖွဲ့ဆီပဲ တိုင်တိုင် သူတို့မကြောက်ဘူးလို့ ပြောတာ။ လုံးဝကို မလုံခြုံတော့ဘူး”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများထံ ပေးပို့သည့် MDPDF အဖွဲ့၏ ငွေညှစ်ခြိမ်းခြောက်စာတွင် ရှောင်ပြေးခြင်း၊ အခွန်ပေးဆောင်ခြင်း မရှိပါက နေအိမ်ပိုင်ဆိုင်မှုကို ဗုံးခွဲတိုက်ခိုက်သွားမည့်အပြင် လူကို နောက်ယောင်ခံလိုက်၍ ချောင်းပစ်ခတ်ခြင်း၊ ပြန်ပြေးဆွဲ၍ မိခဲ့လျှင် အဆ ၅၀ အထက်ဖြင့် ပြန်ရွေးရမည်ဟု ခြိမ်းခြောက်ရေးသားထားသည်။

မူဆယ် PDF အမည်ခံ MSPDF အယောင်ဆောင်အဖွဲ့နှင့် မြို့ပြပျောက်ကြားအဖွဲ့ အမည်များဖြင့် မြို့ပေါ်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖုန်းဆိုင် စသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားလုံးကို အွန်လိုင်းမှစာပို့၍ ငွေညှစ်တောင်းခံသည့်အပြင် အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ ဆိုးရွားနေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့များ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အလျောက် ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိသည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေသည်။

အလားတူ မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း ပြည်သူလူထုထံ နှစ်စဉ် အခွန်ကောက်ခံသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...