မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တစ်ထောင်ကျော် ဖမ်းဆီးခံရ၊ မြန်မာလူငယ်များကို ငွေဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ လူ တစ်ထောင်ကျော်ကို ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနှင့် တရုတ်နိုင်ငံသား စုစုပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးခဲ့ကာ မြန်မာလူငယ်များကို ငွေဖြင့် ပြန်ရွေးခိုင်းနေကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“မင်္ဂလာမူဆယ်နားက New Star Light ကုမ္ပဏီပိုင်တဲ့ ကိုးထပ်တိုက်ကိုတော့ အရင်ရက်က မှန်လုံကားနဲ့ လူအများကြီးကို ဝင်ဖမ်းသွားတာ။ စွမ်စော်ဘက်မှာ ဖမ်းတာနဲ့ဆိုရင် မြန်မာကော တရုတ်ကော အားလုံးပေါင်း လူထောင်ကျော် ရှိမယ်။ မြန်မာပြည်က တရုတ်တွေဆိုရင်တော့ ပိုက်ဆံနဲ့ ပြန်ရွေးရင် လွှတ်ပေးတယ်ပြောတယ်”ဟု မူဆယ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ မြန်မာပြည်ဖွား တရုတ်လူမျိုး အပါအဝင် တရုတ်နိုင်ငံသား ၅၀၀ နီးပါးကို စစ်ကောင်စီက မန့်ဝိန်းနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မူဆယ်စစ်ကောင်စီက လက်ရှိဖမ်းဆီးနေသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူများသည် အားလုံးမဟုတ်ဘဲ တရုတ်၏ ဖိအားကြောင့် ဟန်ပြဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံများက ပြောဆိုသည်။

“ဖမ်းသွားတာက အကုန်လုံး မဟုတ်သေးဘူး။ ဧက ၄၀ တို့၊ လေယာဉ်ကွင်းဟောင်းတို့ အဲ့ဘက်မှာ ရှိဦးမှာ၊ ဒါတောင်မှ နေရာရွှေ့သွားတာတွေ ကျန်သေးတယ်။ လေယာဉ်ကွင်းနားက ခိုင်ဇာနန်းတော်၊ ဧက ၄၀ ဦးမြင့်ဆွေ၊ 97 ငါးမျှားကျွန်း၊ စွမ်စော်၊ ကောင်းမူးတုံ ဒီဘက်မှာတွေက ခေါင်ကြီးတွေ ရှိတယ်။ ဟိုတယ်နာမည်ခံပြီး ကျားဖြန့် လုပ်စားတာတွေလည်း ရှိသေးတယ်”ဟု မူဆယ်မြို့မှ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် အွန်လိုင်းကျားဖြန့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီလက်အောက်ခံ ပန်းဆေး ပြည်သူ့စစ်အဖွဲ့က နမ့်ပေါ်တံတားအနီး ပန်ခမ်းကျေးရွာတွင်လည်းကောင်း၊ လုံထန်ပြည်သူ့စစ်က ပန်ခမ်းရေဆိပ်အနီးတွင်လည်းကောင်း၊ မော်ဆောင်းနှင့် မန်ဂျယ် ပြည်သူ့စစ်အဖွဲ့တို့က စွမ်စော်ရပ်ကွက်တို့တွင်လည်းကောင်း လုံခြုံရေးအပြည့်ဖြင့် ဖွင့်လှစ်ထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများအတွက် တာဝန်ရှိသည့် ဂိုဏ်းခေါင်းဆောင်များ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

လက်ရှိတွင် စစ်ကောင်စီထံသို့ လိုင်းကြေးပေးသွင်းပြီး ဖွင့်လှစ်သည့် ကျားဖြန့်လောင်းကစားဝိုင်းများလည်း ဖမ်းဆီးခံရခြင်းကြောင့် နေရာပြောင်းလဲ ဖွင့်လှစ်ပြီး လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...