Wednesday, January 28, 2026

မူဆယ်မြို့ ဆက်ကြေးမပေးသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ခတ် ဖမ်းဆီး

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယမန်နေ့ (မတ်လ ၁၇ ရက်) ညအချိန်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ တွင်းစတား ဟိုတယ်အနီး ပင်လုံ ၁ လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်‌ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။

“မနေ့ညက ပင်လုံ ၁ လမ်းထဲမှာ Alphard ကားပေါ်ကနေ ဆင်းလာတဲ့ လူကို ဘယ်ကမှန်းမသိတဲ့ သေနတ်ကိုင်လူစုက လိုက်ဖမ်းတာ။ သူတို့ကို အခွန်မပေးလို့ လူလိုက်ဖမ်းတာလို့ ပြောတယ်။ သေနတ်ပစ်တာကောဆိုတော့ လူဘယ်နှယောက်မိလဲ သေချာမသိဘူး။ မူဆယ်က တော်တော်ကြောက်စရာ ကောင်းနေပြီ”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့် MSPDF အယောင်ဆောင်အဖွဲ့မှ လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခဲ့ပြီး မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခံရသည့် ၎င်းနေအိမ်သည် မတ်လ ၉ နှင့် ၁၀ ရက်တွင်လည်း မူဆယ် PDF အမည်ခံ MDPDF အယောင်ဆောင်အဖွဲ့မှ စနက်တံ မဖြုတ်ရသေးသည့် လက်ပစ်ဗုံး ၂ လုံးကို ပလတ်စတစ်အိတ်နှင့် ထုပ်ပြီး နှစ်ရက်ဆက်တိုက် ပေးပို့ကာ ငွေညှစ်တောင်းခံခဲ့ကြောင်း ခြိမ်းခြောက်ငွေညှစ် တောင်းခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

“အခုက PDF အယောင်ဆောင်အဖွဲ့တွေကော၊ ပြည်သူ့စစ်အဖွဲ့က လုပ်စားနေတာကော အစုံပဲ။ လက်နက်ကိုင်တပ်လည်း ဘယ်သူ့ကိုမှလည်း အားကိုးလို့ မရဘူး။ တစ်ခုခု ဖြစ်လာရင် ပြည်သူက ခံဘက်ကြီးပဲ။ စီးပွားရေးအကြီး မပြောနဲ့၊ အိမ်ဆိုင်အသေးကအစ ဘယ်ဆက်ကြေးမှ မလွတ်ဘူး။ တဖြည်းဖြည်းနဲ့ ရှာစားရခက်လာပြီ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့များ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အပြင် ခြိမ်းခြောက်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိသည်။

အလားတူ မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း ပြည်သူလူထုထံ နှစ်စဉ် အခွန်ကောက်ခံသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...