မူဆယ်မြို့ ဆက်ကြေးမပေးသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ခတ် ဖမ်းဆီး

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယမန်နေ့ (မတ်လ ၁၇ ရက်) ညအချိန်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ တွင်းစတား ဟိုတယ်အနီး ပင်လုံ ၁ လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်‌ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။

“မနေ့ညက ပင်လုံ ၁ လမ်းထဲမှာ Alphard ကားပေါ်ကနေ ဆင်းလာတဲ့ လူကို ဘယ်ကမှန်းမသိတဲ့ သေနတ်ကိုင်လူစုက လိုက်ဖမ်းတာ။ သူတို့ကို အခွန်မပေးလို့ လူလိုက်ဖမ်းတာလို့ ပြောတယ်။ သေနတ်ပစ်တာကောဆိုတော့ လူဘယ်နှယောက်မိလဲ သေချာမသိဘူး။ မူဆယ်က တော်တော်ကြောက်စရာ ကောင်းနေပြီ”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့် MSPDF အယောင်ဆောင်အဖွဲ့မှ လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခဲ့ပြီး မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခံရသည့် ၎င်းနေအိမ်သည် မတ်လ ၉ နှင့် ၁၀ ရက်တွင်လည်း မူဆယ် PDF အမည်ခံ MDPDF အယောင်ဆောင်အဖွဲ့မှ စနက်တံ မဖြုတ်ရသေးသည့် လက်ပစ်ဗုံး ၂ လုံးကို ပလတ်စတစ်အိတ်နှင့် ထုပ်ပြီး နှစ်ရက်ဆက်တိုက် ပေးပို့ကာ ငွေညှစ်တောင်းခံခဲ့ကြောင်း ခြိမ်းခြောက်ငွေညှစ် တောင်းခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

“အခုက PDF အယောင်ဆောင်အဖွဲ့တွေကော၊ ပြည်သူ့စစ်အဖွဲ့က လုပ်စားနေတာကော အစုံပဲ။ လက်နက်ကိုင်တပ်လည်း ဘယ်သူ့ကိုမှလည်း အားကိုးလို့ မရဘူး။ တစ်ခုခု ဖြစ်လာရင် ပြည်သူက ခံဘက်ကြီးပဲ။ စီးပွားရေးအကြီး မပြောနဲ့၊ အိမ်ဆိုင်အသေးကအစ ဘယ်ဆက်ကြေးမှ မလွတ်ဘူး။ တဖြည်းဖြည်းနဲ့ ရှာစားရခက်လာပြီ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့များ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အပြင် ခြိမ်းခြောက်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိသည်။

အလားတူ မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း ပြည်သူလူထုထံ နှစ်စဉ် အခွန်ကောက်ခံသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...