ဖယ်ခုံ

ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရ

သျှမ်း-ကရင်နီ (ကယား) ပြည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။  ဖယ်ခုံမြို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါးလိုပင် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့်...

ကရင်နီတော်လှန်ရေး ထိန်းချုပ်သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။ ဖယ်ခုံမြို့ရှိ မြို့မရဲစခန်းအပါအဝင် အစိုးရဌာနရုံးများကို ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက်တွင် ကရင်နီတော်လှန်ရေးအင်းအားစုမှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ ထို့သို့ ကရင်နီတော်လှန်ရေး အင်းအားစုမှ သိမ်းပိုက်ရရှိခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ...

ဖယ်ခုံမြို့ စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်‌ရေးအင်အားစုတို့ ဇန်နဝါရီလ ၇ ရက်မှ စ၍မြေပြင်တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းသုံးကာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သျှမ်းတောင်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့နေ့လည်က နည်းနည်းငြိမ်ပြီး...

ဖယ်ခုံ တိုက်ပွဲကြား ပြည်သူများ ပိတ်မိနေ

သျှမ်းပြည် ဖယ်ခုံမြို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည့်အတွင်ကြောင့် မြို့ထဲအတွင်း ပိတ်မိနေသူများပြားနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့တွင် ဒီဇင်ဘာလ လလယ်မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး မြို့၏အဝင်၊အထွက်တို့ တွင် တိုက်ပွဲများပြင်းထန်နေသည့် အတွက်ကြောင့် ပြည်သူဒေသခံများပိတ်မိနေပြီး ထွက်ပြေးရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖယ်ခုံက စစ်ပြန်ဖြစ်နေတာ...

ဖယ်ခုံမြို့ တိုက်ပွဲပြင်းထန်နေ ရဲစခန်း မီးလောင်ပြာကျ၊ ထိုင်တော်မူစခန်းကို တော်လှန်‌ရေးတပ်ပေါင်းစု သိမ်းပိုက်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁)...

ဖယ်ခုံမြို့ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး ၊ အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂ )ရက် မွန်းလွဲပိုင်းအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း...

အခက်အခဲတွေ ကြားထဲက တောင့်ခံနေထိုင်ကြရတဲ့ စစ်ရှောင်များ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုကို ဖီဆန်မှု ပုံစံမျိုးစုံ သပိတ်ဖြင့် မြို့တိုင်းလိုလို ၃ လကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပြီး ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်းမှာတော့ မြို့ပြတိုက်ပွဲတွေ မြို့တိုင်းလိုလို...

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံများသည် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်. ထို အရေပြားရောဂါ ကူးစက်ခံရသူအများစုသည် လသားအရွယ် ကလေးငယ်များ ဖြစ်ကြပြီး၊ ကူးစက်မှုသည် လနှင့်ချီကြာမြင့်လာပြီ ဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဖြစ်တာကတော့...

ဖယ်ခုံ (အထက ၁) ကျောင်း မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် ဖယ်ခုံမြို့ အမှတ် (၁) အထက်တန်းကျောင်း (အ.ထ.က ၁)ကျောင်းသည် ဇွန်လ ၃ ရက် ၁၁ နာရီအချိန်ဝန်းကျင်က စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ " ဘယ်က မီးစလောင်တာတော့ မသိရသေးဘူး။ ကျနော်လည်း တခြားနေရာတခုခဏရောက်နေလို့ လေယာဥ်အသံကြားနေတယ်။ တစ်ကျောင်းလုံးတော့ ပြာကျကုန်ပြီ...

ပင်လောင်း – ဖယ်ခုံ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားနေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း - ဖယ်ခုံ နယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပုံ - မေ ၆ ရက်နေ့က စစ်ကောင်စီမှ ဖယ်ခုံမြို့နယ် လန်းကောကျေးရွာကို...

Latest news