Monday, April 29, 2024

ဖယ်ခုံ တိုက်ပွဲ စစ်ဦးစီးတက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း သေဆုံး

Must read

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း စစ်ဦးစီး တက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း မတ်လ ၈ ရက်နေ့က ဒရုန်းဗုံး ထိမှန်ပြီးနောက် မတ်လ ၉ ရက်နေ့တွင် သေဆုံးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်နေ့) တွင် ပြောသည်။

ဖယ်ခုံမြို့

ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်၌ နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေသူ စစ်ဦးစီး ပထမတန်း ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း သည် ထုတ်နှုတ်အင်အား ၆၀ ကို ဦးဆောင် စစ်ကြောင်းထိုးစဥ် မတ်လ ၈ ရက်နေ့၊ ညနေ ၄ နာရီ ၀န်းကျင်က တော်လှန်ရေးတပ်များ ကြဲချသည့် ဒရုန်းဗုံး ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“၈ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်က ဒရုန်းဗုံး ထိတယ်။ နောက်တန်းကို ပြန်သယ်ပြီး ၉ ရက်နေ့မှာ ဆုံးတယ်လို့ သိရပါတယ်။ ဖြစ်စဥ် မြေပုံညွှန်းကတော့ ပြောလို့ မရသေးဘူး” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ သျှမ်းတောင် တပ်တွင်း သတင်းရင်းမြစ်က အတည်ပြုသည်။ လက်ရှိ စစ်ရေး အခြေအနေအရ သျှမ်းတောင်ရှိ ထောက်ပို့၊ အင်ဂျင်နီယာတပ်ကဲ့သို့ လက်ရုံးတပ်များ သာမက ကလော စစ်ဦးစီး တက္ကသိုလ်မှ အင်အားများ ထုတ်နှုတ်ပြီး ရှေ့တန်းပို့နေရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article