ဖယ်ခုံမြို့ တိုက်ပွဲပြင်းထန်နေ ရဲစခန်း မီးလောင်ပြာကျ၊ ထိုင်တော်မူစခန်းကို တော်လှန်‌ရေးတပ်ပေါင်းစု သိမ်းပိုက်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖယ်ခုံမြို့

လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁) တပ်ရင်း အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ စခန်းငယ် တစ်ခု ဆုတ်ခွာသွားသည်ဟု ၄င်းကဆိုသည်။

“တိုက်ပွဲ မနေ့ကတည်းက စနေတာ။ မနေ့က ညောင်ပင်သာရပ်ကွက်ထဲ လက်နက်ကြီး ၄ လုံးကျတယ်။ အထိအခိုက်တော့ သေချာမသိသေးဘူး။ ဒီနေ့ ရဲစခန်း မီးလောင်သွားတယ်။ လေယဥ်နဲ့ ဗုံးလာကြဲတယ်။ ဘယ်နားကျလဲ မသိဘူး။ မထွက်ရဲဘူး” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာသဖြင့် ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ(၇) တပ်က လေကြောင်းပစ်ကူ တောင်းပြီးနောက် ဗုံးကြဲခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက် တို့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ခြမ်းရှိ တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာ စသည့် ကျေးရွာများကို စကခ (၇) က လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...