ဖယ်ခုံ
လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ
သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ်...
ဖယ်ခုံ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ ကလေးအပါအဝင် (၆) ဦးသေဆုံး
သျှမ်းပြည် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၂၁ တပ်မှ နှစ်ရက်ဆက်တိုက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ ( နိုဝင်ဘာလ ၂၈ ရက် ) မနက် ၇ နာရီခွဲ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခက်မှုကြောင့် ကုန်းပေါရွာရှိ...
လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ညအချိန် ဒရုန်းများလွှတ်ခြင်းကြောင့် စစ်ရှောင်များ ထိတ်လန့်နေ
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်သည် ညအချိန်တွင် ဒရုန်း အစင်းရေများလွှတ်တင်နေတာကြောင့် စစ်ရှောင်ပြည်သူများ ညဘက်အချိန် ထိတ်လန့်နေကြသည်ဟု စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် ၂၀၂၃ (နိုဝင်ဘာလ ၁၁ ရက်)မှ စတင်ခဲ့သည့် “၁၁.၁၁စစ်ဆင်ရေး”တစ်နှစ်ပြည့်ခဲ့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ် နှင့်ဗုံးကြဲတိုက်ခိုက်မှု များကြောင့် လွိုင်ကော် ပြည်သူအများစုသည်...
ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ )...
စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော်နေရပ် မပြန်ရသေးကြောင်း သိရသည်။ ဖယ်ခုံမြိုနယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း...
ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်က မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်ဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ခန့်ရှိသည်။ ၎င်းက “ဖယ်ခုံမြို့အတွင်း တပ်မတော်မှနယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ မြို့တွင်း PDF...
ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ
SHAN -
သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့်...
ဖယ်ခုံ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် လူမရှိတော့သည့် ပြည်သူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရသည်။ ဖယ်ခုံမြို့သည် သျှမ်း- ကရင်နီပြည် နယ်စပ်တွင်တည်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၁ ရက်မှစပြီး တော်လှန်ရေးအင်အားစုအဖွဲ့ PDF တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖယ်ခုံမြို့ခံများသည်...
ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရသည်ဟု စုံစမ်းသိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူဆောင်လာသည့် ဆန်နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု...
ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရ
SHAN -
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဗုဒ္ဓဘာသာကိုယ်ကွယ်ထားသော ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည်ဟု စုံစမ်းသိရသည်။ လအိကျေးရွာတွင် ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်)နေ့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်တွင် ရွာခံအားလုံးနီးပါး စစ်ရှောင်နေရသည်။ ယခင် (စက်တင်ဘာလ တတိယပတ်)လောက်သာ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရတာကို သိရပြီး (အောက်တိုဘာ ၂ရက်)နေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်...





