Sunday, May 19, 2024

ဖမ်းဆီးခံရ

တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ 

သျှမ်းတောင် တောင်ကြီးမြို့ ရှိ DNNA အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခံသွားကြောင်း စုံစမ်းသိရသည်. ယမန်နေ့( မတ်လ ၂၆) ရက် ည အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွာညိုလမ်း နှင့် သဇင်လမ်းတွင် နေထိုင်သည့်  DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနှင့် ၎င်းတူမဖြစ်သူတို့ကို စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးက လာရောက်ရှာဖွေကြောင်း သိရသည်။  ဟန်ငြိမ်းဦး ဆိုသည့်...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...

ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ...

ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း...

ကျောက်မဲစစ်ကောင်စီမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

သျှမ်းမြောက် ကျောက်မဲ မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၉)နာရီ ဝန်းကျင်က ရပ်ကွက် (၇) သံလမ်းအနီးနေ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “ဘာလို့ ဖမ်းသွားလဲတော့ သေချာ မသိရသေးဘူး၊ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး အိမ်ထဲ ဝင်မွှေသွားတယ်၊ လပ်တော့တွေ၊...

ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူနှင့် ဆက်စပ်သူ ၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) မနက် ၉ နာရီတွင် ဖယ်ခုံမြို့ ညောင်တုန်း...

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦးကို အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံထားရသည့် သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည် စစ်ကြောရေးစခန်းတွင်...

တောင်ကြီးမြို့နယ်၊ NLD အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တောင်ကြီးမြို့နယ် မြို့နယ်အလုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီမှ လာရာက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ ယမန်နေ့က ဇွန်လ ၆ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်တွင် အေးသာယာမြို့နေ ရပ်ကွက် (၅)...

တောင်ကြီးမြို့ တစ်ညတည်း အရပ်သား အများအပြားဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၄) ရက်တွင် တရက်အတွင်း စစ်ကောင်စီမှ အရပ်သား အများအပြား ကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်မှ စတင်ကာ တောင်ကြီးမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီ အုပ်စု တားဆီး စစ်ဆေးကာ...

မူဆယ် လူငယ် (၅)ဦး ထပ်မံ ဖမ်းဆီးခံရ

မူဆယ်မြို့ စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြရာတွင် ပါဝင်သည့် လူငယ် (၅)ဦး ကို စစ်ကောင်စီ အုပ်စု က ယနေ့ (မေ ၁၁)ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၁၁)ရက် မနက် (၈)နာရီဝန်းကျင်တွင် လူငယ်(၂)ဦးကို ရိုက်နှက် ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ညနေ(၃)နာရီတွင်...

Latest news