Friday, May 3, 2024

ပုံးအင်းဒေသ

PNO ဦးစီးကျင်းပမည့် ဘောလုံးပွဲအတွက် တစ်အိမ် ၅,၀၀၀ ကျပ်ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဦးစီးပြီး ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည့် ဘောလုံးပွဲကို တစ်အိမ်လျှင် ၅,၀၀၀ ကျပ်ပေးဆောင်ရကြောင်း စုံစမ်း သိရှိသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO မှ ဦးဆောင်ပြီး လုပ်ဆောင်ပေးသည့် ဘောလုံးပွဲအတွက် ၎င်းတို့ ထိန်းချုပ်သည့် နေရာတွင်...

ပုံးအင်းဒေသ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ပမပျောက်အောင် ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသ ဟိုတပ်ကျေးရွာတွင် သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော် ပြိုင်ပွဲကို ပြန်လည် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၁၈ရက်နှင့် စက်တင်ဘာ ၁၉ရက် တွင် ၂ရက်သာ ကျင်းပခဲ့သည်။ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ ခေတ်အဆက်ဆက်မှ ရိုးရာဓလေ့ ထုံးစံကို ပမပျောက်ရန်၊ မျိုးဆက်လူငယ်များအတွက်...

ပုံးအင်းဒေသ မူးယစ်ဆေးဝါးသုံးစွဲသူပေါများလာ မော်တာ-ရေစုပ်စက်များ ခိုးခံလာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာသဖြင့် လယ်၊ ခြံ ထဲရှိ မော်တာ - ရေစုပ်စက်များ မကြာခဏ ခိုးခံ နေရကြောင်း စုံစမ်း သိရှိရသည်။ သြဂုတ်လပိုင်း မှစတင်ပြီး ယခုလထိ ပုံးအင်းဒေသ နောင်စန့်ကျေးရွာမှာ လယ်၊ ခြံ...

ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။ ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်...

ပုံးအင်းဒေသ ရေကြီးမှုကို ပြည်သူကိုယ်တိုင် ဖြေရှင်းနေရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် လယ်စပါး ၊ နေအိမ်တွေ ရေထဲမြှုပ်သွားရပြီး ပြည်သူများ ခက်ခဲမှုများကို ကိုယ်တိုင်ဖြေရှင်းနေကြရကြောင်း စုံစမ်းသိရသည်။ ယခင်နှစ်တွင် ရေကြီးမှုအတွက်ကြောင့် ဆုံးရှုံးမှုကို စာရင်းကောက်ပေးသူရှိပြီး ယခုနှစ်တွင် အုပ်ချုပ်ရေးမှုက အလုပ်မလုပ်သောကြောင့် ပြည်သူကိုယ်တိုင်က စာရင်းကောက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှု ဥက္ကဌထံ တင်ပြကြရကြောင်း ပုံးအင်းဒေသ...

ပုံးအင်းဒေသ ရာချီ စပါးခင်း ရေမြှုပ်

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စိုက်ပျိုးရိတ်သိမ်းပြီး နှင့် မရိတ်သိမ်းရသေးသည့် ရာချီ စပါးခင်းများ ရေလွှမ်းမိုးခံရပြီး ဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသအတွင်း (၁၀) ရက်ကျော်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မိုးရေများ အဆမတန် များလာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ...

ပုံးအင်း တောင်သူ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသအတွင်း ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ကာ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသထဲတွင် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် တို့ပါဝင်ပြီး၊ ထိုဒေသများတွင် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ယခင်က စပါးထွက်နှုန်း ကောင်းသော ဒေသဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းလာပြီးနောက် ကုန်ပစ္စည်းများ အပါအဝင်...

နိုင်ငံရေး ရှုပ်ထွေးနေချိန် ပုံးအင်းဒေသတစ်ခုလုံးကို PNO လက်အောက်ထဲ သိမ်းယူရန် ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က နိုင်ငံရေး ရှုပ်ထွေးနေချိန် အခွင့်ကောင်းယူပြီး သိမ်းယူရန် ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပုံးအင်းဒေသသည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။ ထိုပုံးအင်းဒေသအတွင်းရှိ ကျေးရွာများကိုလည်း မြစ်ချောင်းအဖြစ် ခြားထားပြီး...

ပုံးအင်းဒေသ စပါးခင်းများ ရေလျှံပျက်စီးမှာ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသ အတွင်း စပါးခင်းများ ရေလျှံ ပျက်စီးမှုထပ်မံဖြစ်ရန် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ယခင်က NLD အစိုးရတွင် မြောင်းကိုတူးဖော်ပေးရန်အတွက်တင်တောင်းခဲ့ပြီး လက်ရှိတွင် ဘတ်ဂျက် ကျလာသော်လည်း သက်ဆိုင်တာဝန်ရှိသူများက မြောင်းကိုလာမတူးပေးသေးသဖြင့် မိုးရာသီမှာ လယ်ကွင်းထဲရေကြီးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပုံးအင်း ဒေသခံ...

သျှမ်းတောင် ပုံးအင်းဒေသတွင် ကိုဗစ်ပိုးရှိသူ (၁)ဦး ပထမဆုံးတွေ့

သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းရှိ ပုံးအင်းဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ (၁)ဦး ပထမဆုံး တွေ့ရှိခဲ့ကြောင်း သိရသည်။ “အရင်ရက်တွေကလည်း နေမကောင်းဖြစ်တယ်လို့တော့ ကြားတယ်၊ သူ့ကိုသူ သံသယဝင်နေလို့ ဘန်းယဉ်မှာ သွားစစ်ကြည့်တာ၊ ကိုဗစ်ပိုးတွေ့တာပဲ” ဟု ပုံးအင်းဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ လူနာသည် အသက်...

Latest news