နိုင်ငံရေး ရှုပ်ထွေးနေချိန် ပုံးအင်းဒေသတစ်ခုလုံးကို PNO လက်အောက်ထဲ သိမ်းယူရန် ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က နိုင်ငံရေး ရှုပ်ထွေးနေချိန် အခွင့်ကောင်းယူပြီး သိမ်းယူရန် ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပုံးအင်းဒေသသည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်ဖွဲ့စည်းထားသည်။

ထိုပုံးအင်းဒေသအတွင်းရှိ ကျေးရွာများကိုလည်း မြစ်ချောင်းအဖြစ် ခြားထားပြီး မြို့နယ်အလိုက် ကွဲသွားကြောင်း သိရသည်။

ပုံးအင်းဒေသ

“ကျနော်တို့ ပုံးအင်းဒေသက ကျယ်တယ်။ ၃ မြို့နယ်ရှိတယ်။ ကျနော်တို့နေတာတော့ ဆီဆိုင်မြို့နယ်ထဲပါတယ်။ မြို့နယ်တွေကိုလည်း ချောင်းပဲခြားတယ်။ ချောင်းရဲ့ အနောက်ဘက်ကဆိုရင် တောင်ကြီးမြို့နယ်ထဲပါတယ်။ ချောင်းရဲ့ အရှေ့ဘက်ကတော့ ဆီဆိုင်မြို့နယ်ထဲပါတယ်” ဟု ပုံးအင်းဒေသတွင်းနေထိုင်သည့် အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ် တို့ကို ပအိုဝ်းကိုယ်ပိုင်ခွင့် ပေးထားကြောင်း သိရသည်။

လက်ရှိမှာ ပုံးအင်းဒေသအားလုံးကိုလည်း နိုင်ငံရေး ရှုပ်ထွေးနေချိန် (PNO) တပ်ဖွဲ့မှ ၎င်းလက်အောက်ထဲသို့ သိမ်းရန် ကြိုးစားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် ထားရန် ကြိုးစားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပုံးအင်းဒေသ

“ဟုတ်တယ်။ သူတို့က ရှေ့ကြိုတွေးပြီးတော့လုပ်နေတယ်။ ဒီနေရာတွေကို သူတို့နယ်မြေထဲ ပါလာအောင်လည်း လုပ်နေတာ။ သူတို့ ပြည်နယ်အသစ်လိုမျိုးလိုချင်တာ” ဟု အသက် ၄၀ ကျော် ဝန်းကျင်ရှိ အမျိုးသားက ပြောသည်။

ပုံးအင်းဒေသတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း PNO မှ ပြန်ခန့်အပ်ပြီး၊ ရွာလုံခြုံရေးအဖွဲ့ကို တစ်ရွာလျှင် ၁၇ ဦး ခန့်ထားသည်။

“အခုက ရွာတစ်ရွာမှာ ရွာလုံခြုံရေးအဖွဲ့က ၁၇ ထိ ဖွဲ့ပေးလိုက်တယ်။ အဲ့ရွာလုံခြုံရေးအဖွဲ့ရဲ့ ဥက္ကဌ က ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အဆိုပါ ရွာလုံခြုံရေးအဖွဲ့ဝင်များကိုလည်း ကျေးရွာအတွင်းရှိ ပြည်သူများက မည်သည့်အတွက်ကြောင့် ၎င်းတို့ကို ဖွဲ့စည်းကြောင်း အကျိုးအကြောင်းကို မသိရှိရသေးပေ။

ထိုရွာလုံခြုံရေးအဖွဲ့များကိုလည်း PNO တပ်ဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခဲ့ပြီး၊ ကျေးရွာအတွင်းရှိ ပြည်သူများ ကိုလည်း စည်းရုံးနိုင်ရန် အတွက် ခန့်ထားကြောင်း သိရသည်။

PNO မှ ပြုလုပ်မယ့် ကန်တောင်ကြီးမြို့နယ်

“ သူတို့ ခန့်ထားပေးတဲ့ ရွာလုံခြုံရေးအဖွဲ့တွေကလည်း PNO လက်အောက်ကပဲဖြစ်တယ်။ PNO ကလည်းသူတို့ စိတ်ကြိုက်လူ ကိုဖွဲ့ထားတာ။ သူတို့ လိုရာကို အသုံးပြုနိုင်မဲ့သူကို ဖွဲ့ပေးလိုက်တာဖြစ်မယ်ထင်တယ်” ဟု ၎င်း ဒေသခံက ထပ်လောင်းပြောသည်။

ထိုအပြင် လုံခြုံရေးအဖွဲ့ဝင်များသည်လည်း အသက်ကြီးရွယ်အိုသူများဖြစ်ကြောင်း သိရသည်။

“နမ့်ကွတ်ရွာမှာ ဖွဲ့ထားတဲ့ ရွာလုံခြုံရေးအဖွဲ့တွေဆို အသက်ကြီးတဲ့ သူတွေပဲဖြစ်တယ်။ တစ်ချို့ဆိုရင် အသက် ၅၀၊ ၆၀ သမားတွေဖြစ်တယ်။ အသက်ကြီးတဲ့ သူတွေကိုပဲ အများဆုံးခန့်ထားတာ” ဟု အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပုံးအင်းဒေသ

လက်ရှိမှာလည်း ပုံးအင်းဒေသကို အထူးဒေသ (၆) ကန်တောင်ကြီးမြို့နယ် ဟု သတ်မှတ်ရန်ကြိုးစားနေပြီး၊ ရွာလုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းပေးလိုက်ကြောင်း သိရသည်။

ထိုအပြင် လက်ရှိ PNO ၏ စစ်သင်တန်းတက်ရန် ပြည်သူများကို ကောက်ခံနေသောကြောင့် ဒေသတွင်း လူငယ်အများစုကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီး ကျေးရွာအတွင်းတွင် အသက်ကြီးသူများသာ ကျန်ရှိခဲ့သည်။

“ အခုသူတို့လိုရာသွင်းဖို့ ဖန်တီးနေပြီလေ။ အထူးဒေသ (၆) ထဲပါလာအောင်ပြီးတော့ အခုက ကန်တောင်ကြီးမြို့နယ် ဆိုပြီးတော့ အသစ်ထပ်လုပ်လာတယ်။ ဒါက တကယ်ဆို ဒီမြို့နယ်က မရှိဘူးလေ။ သူတို့ ဖန်တီးနေတာလေ။ ကြာလာရင် သူတို့ကိုထောက်ခံကြောင်း ပြည်သူတွေကို လက်မှတ်ထိုးခိုင်းမယ်” ဟု အမည် နှင့် နေရာ မဖော်လိုသည့် ပြည်သူက ပြောသည်။

ထိုအသစ်ဖွဲ့မည့် ကန်တောင်ကြီးမြို့နယ်သည် တောင်ကြီးမြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာ အုပ်စုများ၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တပ်များသည် မေလမှ စပြီး တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ်ထဲတွင် တစ်အိမ်ကို ငွေ (၃) သောင်းနှင့် ဆန် တစ်ပြည် ကောက်ခံနေကြောင်း သိရသည်။

ပုံးအင်းဒေသသည် စိုက်ပျိုးရေးကောင်းမွန်ပြီး ထိုဒေသမှ ထွက်သည့် ဆန်ကို သျှမ်းပြည်တစ်ဝှမ်းလုံး စားသုံးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...