ပုံးအင်းဒေသ ရာချီ စပါးခင်း ရေမြှုပ်

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စိုက်ပျိုးရိတ်သိမ်းပြီး နှင့် မရိတ်သိမ်းရသေးသည့် ရာချီ စပါးခင်းများ ရေလွှမ်းမိုးခံရပြီး ဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ပုံးအင်းဒေသအတွင်း (၁၀) ရက်ကျော်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မိုးရေများ အဆမတန် များလာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ရာချီစပါးခင်းများလည်း ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်နေရကြောင်း ဝမ်နောက် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်းရေကြီးမှု

“ကျမရဲ့ လယ်မှာ ရိတ်ရမယ့် စပါးတွေလည်း ရေအောက်မှာ တစ်တောင်ဆစ် လောက်နစ်နေတယ်။ ရေအောက်မှာ (၃) ရက်နစ်နေပြီ အညှောင့်တွေလည်းထွက်၊ ဝါးတန်းပေါ်လန်းထားတဲ့ စပါးတွေလည်း အကုန်မြှုပ်နေတယ်။ အညှောင့်ထွက်လာတဲ့ စပါးတွေလည်း မရိတ်ပဲထားရတော့မယ် “ ဟု ၎င်းအမျိုးသမီးက ပြောသည်။

အလားတူ ပုံးအင်းဒေသ အနိမ့်ပိုင်းရှိသော ဝမ်ပုံးရွာ ၊ ကွန်ဆိုင်းရွာ၊ ဆိုင်လဲရွာ၊ နောင်စန့်ရွာ နှင့် နမ့်ကွတ် စသည့် အနိမ့်ပိုင်းရှိသော ကျေးရွာများမှ စပါးများသည် ရေထဲနစ်မြှုပ်နေသောကြောင့် အညှောင့်ပင်အသစ်များ ထွက်နေပြီဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် နောင်စန့်ကျေးရွာ နှင့် ဆိုင်လဲကျေးရွာတွင် မရိတ်ရသေးသော စပါးခင်းများသည် ရေအောက်တွင် (၁) ပေကျော်အထက်တွင် နစ်မြှုပ်နေပြီး ရိတ်ပြီး၍ ဝါးတန်းပေါ်လှန်းထားသော စပါးခင်းများလည်း ရေထဲတွင် ထပ်မံ နစ်မြှုပ်နေပြီဖြစ်ကြောင်း ပုံးအင်းဒေသခံ လယ်သမားအမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသ ရေကြီးမှု

“ မရိတ်ရသေးတဲ့ စပါးတွေလည်း ရိတ်လို့မရတော့ဘူး။ ရိတ်ပြီး ဝါးတန်းပေါ် လှန်းထားတော့လည်း ထပ်ပြီးမြှုပ်ပြန်ပြီ။ စပါးတွေက အညှောင့်တွေ ထွက်နေပြီ၊ ရေက တအားနက်တော့ဆင်းရိတ်လို့လည်း မရတော့ဘူး “ ဟု ၎င်းလယ်သမား အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသတွင် စပါးများ ရေလွှမ်းမိုးသွားသောကြောင့် လယ်သမားများ နှောင်နှစ်စပါးများ ထပ်မံစိုက်ပျိုးရန် နှင့် လက်ရှိ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်ရကြောင်း သိရသည်။

“နောက်နှစ် စပါးစိုက်ဖို့တောင်မှ ဒီနှစ်တော့ စားဖို့သောက်ဖို့တောင် ခက်တယ် ၊ စားရိတ်လည်း ပြန်မရဘူး။ အခုပုံးအင်း ဒေသတစ်ခုလုံးက ရေကြီးနေပြီးတော့ နောက်နှစ် စပါးစိုက်ဖို့တော့ မဖြစ်နိုင်တော့ဘူးထင်တယ် “ ဟု ၎င်းကဆိုသည်။

ပုံးအင်းရေကြီးမှု

ထို့ကြောင့် ပုံးအင်းဒေသရှိ စပါးခင်းများ ရေနစ်မြုပ်သွားသည့် အတွက် လယ်သမားများသည် တကြိမ်တခါမှ မကြုံဖူးသည့် အခက်အခဲများ ရင်ဆိုင်နေရသည်။

ရေကြီးရေလျှံမှုကြောင့် မူလတန်းကျောင်းသား၊ သူများ ကျောင်းသွားရန် အခက်ခဲဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

“ ချောင်းအနောက်ကမ်းရှိတဲ့ မူလတန်းကျောင်းငယ်ကလေးတွေ ကျောင်းအရှေ့ကမ်းမှာ ကျောင်းသွားတက်ဖို့က ခက်တယ်။ ဘီလူးချောင်းက ရေစီးသန်တယ်။ တချို့ကလေးတွေ ကျောင်းမတက်တော့ဘူး“ ဟု နောင်စန့်ဒေသခံ ကျောင်းသားမိဘတစ်ဦး က ပြောသည်။

ပုံးအင်းဒေသတစ်ခုလုံးတွင် ချောင်းခြားပြီး မြို့နယ်အလိုက် ခွဲခြားသွားသဖြင့် ထိုချောင်းမှတစ်ဆင့် စီးဆင်းနေသော မိုးရေများ နှင့် အတူ အမှိုက်များသည်လည်း ပုံးအင်းအောက်ပိုင်းတွင်ရှိသော ချောင်းကူးတံတားများကြားတွင် အမှိုက်များက ပြည့်နှက်နေသည့်အတွက် ရေစီးဆင်း၍မရကြောင်း သိရသည်။

ပုံးအင်းဒေသတွင် အဆမတန် ရေကြီးရေလျှံမှုများမှာ လွန်ခဲ့သော (၁၂) နှစ်အတွင်းတွင်လည်း တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း ပုံးအင်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...