Wednesday, January 28, 2026

ပုံးအင်းဒေသ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲကို ပမပျောက်အောင် ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသ ဟိုတပ်ကျေးရွာတွင် သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော် ပြိုင်ပွဲကို ပြန်လည် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပုံးအင်း လှေလှော်ပြိုင်ပွဲ

ပုံးအင်းဒေသ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၁၈ရက်နှင့် စက်တင်ဘာ ၁၉ရက် တွင် ၂ရက်သာ ကျင်းပခဲ့သည်။

သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲ ပြုလုပ်ရခြင်းမှာ ခေတ်အဆက်ဆက်မှ ရိုးရာဓလေ့ ထုံးစံကို ပမပျောက်ရန်၊ မျိုးဆက်လူငယ်များအတွက် လှေလှော်ပြိုင်ဆိုင်တတ်ရန်၊ ရိုးရာဓလေ့ ထုံးစံကို ထိန်းသိမ်းတတ်ရန် နှင့် ပုံးအင်းဒေသ ကျေးရွာတစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရေး ကောင်းမွန်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိကတော့ ပုံးအင်းမှာရှိဖူးတဲ့ သျှမ်းရိုးရာလှေလှော်ပြိုင်ပွဲရဲ့ ထုံးစံကို မပပျောက်အောင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့တယ်။ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၄) ခုနှစ်ထိ အကြောင်းအမျိုးမျိုးကြောင့် (၆) နှစ်လောက် ရပ်ဆိုင်းခဲ့ ရတယ်။ အဲ့ဒီလိုမျိုး ရပ်ဆိုင်းရတဲ့အတွက် ပုံးအင်းမှာရှိဖူးတဲ့သျှမ်းရိုးရာ လှေလှော်ပြိုင်ပွဲ ပမပျောက်အောင်၊ ထိန်းသိမ်းပြုလုပ်ရတယ် “ ဟု ဦးဇင်းက မိန့်ကြားသည်။

အလားတူ ယခုနှစ်တွင် အလှူရှင်ဒါနများက မြန်မာကျပ်ငွေ သိန်း (၃၀)လှူသန်းလာခဲ့ပြီး ဟိုတပ်ကျေးရွာမှ ဦးဇင်းတစ်ပါးက ဦးဆောင်ကာ ပုံးအင်း ပြည်သူများနှင့် သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော် ပြိုင်ပွဲကို ပြုလုပ်ကျင်းပ နိုင်ခဲ့ကြောင်း လှေလှော်ပြိုင်ပွဲထဲမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်း လှေလှော်ပြိုင်ပွဲ

“ အလှူရှင်ဒါနတစ်ယောက်ကနေပြီးတော့ ပိုက်ဆံသိန်း (၃၀) လှူလာတယ်။ ပုံးအင်းမှာ နှစ်စဉ်နှစ်တိုင်း လှေလှော် ပြိုင်ပွဲကို ပြုလုပ်ဖို့အတွက်တော့ မလွယ်ဘူး။ ပိုက်ဆံအများကြီးတော့ ကုန်ပါတယ်။ ကျနော်တို့ ဟိုတပ် ကျေးရွာ ဦးဇင်းတစ်ပါး ဦးဆောင်ပြီး ပုံးအင်းထဲကပြည်သူများ စုပေါင်းလုပ်နိုင်ခဲ့လို အခုလိုရိုးရာပွဲကို ကျင်းပနိုင် ခဲ့တယ်။ ပွဲလာကြည့်ရှူ့သူတွေလည်း အရမ်းများတယ် “ လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံးအင်းဒေသရိုးရာ လှော်လျော်ပြိုင်ပွဲ ပုံးအင်းဒေသမှ ကျေးရွာပေါင်း (၆၄) ရွာကပါဝင်ခဲ့ပြီး အင်းလေးဒေသမှ လှေလှော်ပြိုင်ဆိုင်သူ အဖွဲ့(၁) ဖွဲ့နှင့် အမျိုးသား (၆) ယောက်လှေတစ်စီး ၊ အမျိုးသား (၄) ယောက်လှေတစ်စီး နှင့် အမျိုးသမီး (၅) ယောက် လှေတစ်စီးဟူပြီး လှေလှော်ပြိုင်ခဲ့သည်။

ထို့အပြင် ပုံးအင်းလူငယ်များ ပုံးအင်းဒေသ သျှမ်းရိုးရာ ဓလေ့ထုံးစံလှေလှော်ပြိုင်ပွဲကို ထုံးစံအမွေအနှစ် အနေဖြင့် မပပျောက်သွားအောင် ထိန်းသိမ်းကြရန်နှင့် လာမည့်နှစ်တိုင်းတွင်လည်း ထပ်မံပြုလုပ်မည်ဖြစ် ကြောင်းဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသတွင် မိုးကြီး၍ နွေစပါး ဧကပေါင်း ရာနှင့်ချီ နစ်မြှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွေစပါးစိုက်ခင်းများ ဧကပေါင်း ရာနှင့်ချီ ရေနစ်မြှုပ်သွားခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ခင်း...

ပုံးအင်းဒေသ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်ဖုန်း ၆ လုံး ခိုးခံရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်များ၏ လက်ကိုင်ဖုန်း ၆ လုံး ခိုးခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄) ရက် နံနက်ပိုင်း ၁၁ နာရီတွင် ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားတစ်ဦးက နောင်စန့်ရွာရှိ...

ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို PNO မှ ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်ပြီး ငွေတောင်းခံနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူ့စစ် PNO မှ ဆက်တိုက်ဖမ်းဆီးနေပြီး ငွေတောင်းခံနေကြောင်း စုံစမ်းသိရသည်။ . ပအိုဝ်းပြည်သူ့စစ် PNO သည် ပုံးအင်းဒေသရှိ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီးပြီး တစ်ဦးကို ကျပ်သိန်း ၄၀ ကျော် တောင်းခံလျက်ရှိကြောင်း...

ပုံးအင်းဒေသ နေ့စား စပါးရိတ် အလုပ်သမားရှားပါးမှု ကြုံနေရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် စပါးရိတ်သိမ်းဖို့အတွက် နေ့စားအလုပ်သမားရှားပါးလာကြောင်း စုံစမ်းသိရသည်။ ယခု ဇူလိုင်လ သီတင်းပတ်မှစ၍ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ မိုးစပါးများကို စတင်ရိတ်သိမ်းနေရာ နေ့စားလိုက် အလုပ်သမားရှားပါးလာသဖြင့် စပါးရိတ်သိမ်းစက်ကို အားကိုးကာ ရိတ်သိမ်းနေရကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ စပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားလိုက် အလုပ်သမား...

ပုံးအင်းဒေသတွင် မျှော့အစို တစ်ပိဿ ကျပ် ၈ သောင်းပေးပြီး ဝယ်ယူနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်သည့် ပုံးအင်းဒေသတွင် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူများက ဈေးကောင်းပေးပြီး ဝယ်ယူနေသဖြင့် တောင်သူများက လယ်၊ မြောင်းထဲရှိ မျှော့ကိုရှာကြပြီး ရောင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က မျှော့အစို တစ်ပိဿကို ကျပ် ၆ သောင်းအထိသာ...