ပုံးအင်းဒေသတွင် မိုးကြီး၍ နွေစပါး ဧကပေါင်း ရာနှင့်ချီ နစ်မြှုပ်

သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွေစပါးစိုက်ခင်းများ ဧကပေါင်း ရာနှင့်ချီ ရေနစ်မြှုပ်သွားခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။

ပြီးခဲ့သည့် သီတင်းတပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ခင်း ဧက တစ်ထောင် ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်း ပုံးအင်းဒေသခံ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပျိုးခင်းစိုက်ပြီး မကြာသေးဘူး၊ ရေမြှုပ်သွားတာ။ ပြန်ယူလို့လည်းမရတော့ဘူး၊ စပါးတွေက ပုတ်ကုန်ပြီ။ အခုက ရေဘေးတင်မကဘူး၊ မြက်စားငါးကြင်းဘေးတွေလည်း ကြုံနေရတယ်။ စပါးစိုက်ခင်းရေမြှုပ်တွေတော့ စပါးပင်တွေကို မြက်စားငါးကြင်းတွေ အကုန်စားပစ်လိုက်တာ၊ ပြီးတော့ ရွှေခရုတွေလည်းကျတော့ စပါးတွေ တော်တော်များများ ပျက်စီးကုန်ပြီ” ဟု ပုံးအင်းဒေသခံ တောင်သူတစ်ဦးက ပြောသည်။

ယမန်နှစ် သြဂုတ်လတွင်လည်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် စပါးဧက တစ်သောင်းကျော်အပြင် စပါးကျည်အတွင်း သိုလှောင်ထားသော စပါးများလည်း ပျက်စီးသွားသောကြောင့် တောင်သူများ အရှုံးပေါ်ခဲ့ရသည်။

ပုံးအင်းဒေသ တောင်သူများသည် ယမန်နှစ်က စပါးအရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်အတွင်းမှာ စားလောက်ရုံသာ စပါးဧကလျှော့ပြီး စိုက်ပျိုးခဲ့သည်။

သို့သော်လည်း မိုးဦးအစမှာပင် မိုးအဆက်မပြတ်ရွာသွန်း ခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုနှင့် စတင်ရင်ဆိုင်နေရကြောင်း ပုံးအင်းဒေသခံများက ပြောသည်။

“နဂိုကတည်းက ကျနော်တို့တောင်သူတွေက အရှုံးပေါ်နေပြီးသားပဲ၊ ဒါပေမယ့် ပုံးအင်းမှာက စပါးမစိုက်ရင် လုပ်စားစရာမှ မရှိတာကို၊ ဒါကြောင့် ဒီနှစ်မှာစားလောက်ရုံပဲ စိုက်ခဲ့တာ။ အခုတော့ အားကြိုးမာန်တက် ရက်ရက်နေ့နေ့ ခဲလေသမျှ သဲရေကျ ဖြစ်ကုန်တာပေါ့၊ အခုစိုက်ထားတဲ့ စပါးတွေလည်း အကုန်ပြန်ရမလား မသေချာဘူး။ မိုးထပ်ရွာမှာကိုပဲ စိုးရိမ်နေရတယ်၊ တောင်သူတွေကတော့ ဘာမှ မမျှော်လင့်ရဲတော့ဘူး” ဟု ပုံးအင်းဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နှစ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းကြောင့် စပါးခင်းများ ရေမြှုပ်နေချိန်ကာလ၌ ရွှေအပ်၊ ရွှေရင်အေး ဆန်ဈေးမှာ (အလေးချိန် ၄၆ ပေါင်) တစ်အိတ်လျှင် ကျပ်ငွေ နှစ်သိန်းခွဲနီးပါးသော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ကျပ်ငွေ တစ်သိန်းသာရသဖြင့် တစ်ဝက်ကျော်ဆုံးရှုံးသည်။

ထိုသို့ သဘာဝဘေးကြောင့် ဆန်းစပါးရောင်းမဝင်သည့် အခြေအနေတွင် စပါးတစ်ဧကမှာ လုပ်အားခနှင့် မြေသြဇာအပါအဝင် ၁၀ သိန်းကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်း တောင်သူများက ပြောသည်။

“စိုက်ပျိုးရေး ဦးစီးဌာနနဲ့ မြေစာရင်း ဦးစီးဌာက ဝာာဝန်ယူမှု အားနည်းချက် ရှိနေသရွှေ့ကတော့ စာရင်းအတိအကျနဲ့ တောင်သူတွေ ထိထိရောက်ရောက် ကယ်တင်နိုင်မှာမဟုတ်ဘူး” ဟု ပုံးအင်းဒေသခံ တောင်သူတစ်ဦးကလည်း ထပ်လောင်းပြောသည်။

ပုံးအင်းဒေသသည် ကုန်းခြောက်လေ၊ ရေခြောက်လေ ဒေသဆိုသော်လည်း ယခုနောက်ပိုင်းမှာ ရာသီဥတုဖော်ပြန်မှုကြောင့် လယ်ထွန်ရမည့် ကာလတွင် ရေခြားပါးမှုနှင့် စပါးစိုက်ပျိုးပြီး ကာလတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ပြဿနာများ ကြုံတွေ့လာနေရကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...