ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို PNO မှ ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်ပြီး ငွေတောင်းခံနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူ့စစ် PNO မှ ဆက်တိုက်ဖမ်းဆီးနေပြီး ငွေတောင်းခံနေကြောင်း စုံစမ်းသိရသည်။

.

ပအိုဝ်းပြည်သူ့စစ် PNO သည် ပုံးအင်းဒေသရှိ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီးပြီး တစ်ဦးကို ကျပ်သိန်း ၄၀ ကျော် တောင်းခံလျက်ရှိကြောင်း ပုံးအင်းဒေသခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်းဒေသ

“အခု ပုံးအင်းမှာ မူးယစ်ဆေးသမားတွေကို လိုက်ဖမ်းနေတာ တော်တော်ကြမ်းတယ်။ ဖမ်းခံရသူတွေလည်း များတယ်။ တစ်ယောက်ကို ကျပ်သိန်း ၄၀၊ ၅၀ ပေးပြီး ပြန်ရွေးရတယ်။ သုံးတဲ့သူကို ဖမ်းမိပြီဆို ရောင်းတဲ့သူကို ဖော်ခိုင်းတော့လည်း သူတို့က မဖမ်းဘူး။ သူတို့ထဲက လူတွေအချင်းချင်းပဲ။ ရွာလမ်းကြား၊ လယ်ယာတွေထဲမှာ လိုက်ဖမ်းတာ “ ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ ဖမ်းဆီးခြင်း ပြုလုပ်မှုများသည် အမှန်တကယ် မူးယစ်ဆေးဝါး တိုက်ဖျက်နေခြင်း မဟုတ်ကြောင်း၊ ပိုက်ဆံရဖို့အတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိမှာ မူးယစ်ဆေးဝါး (WY) တစ်ပြားလျှင် မြန်မာကျပ်ငွေ ၅၀၀ ဝန်းကျင်တာရှိသည့်အပြင် နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်းလည်း ပုံအင်းဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ အိမ်တိုင်းနီးပါး ရှိနေပြီး ၈၀ ရာခိုင်နှုန်းထိမြင့်တက်လာကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ရောင်းချသူများကို လိုက်လံဖမ်းဆီး ဆောင်ရွက်သင့်ကြောင်း ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ မူးယစ်ဆေးဝါးကို တကယ်တိုက်ဖျက်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ရောင်းတဲ့သူကို ဖမ်းသင့်တယ်။ အခုက သုံးတဲ့သူကိုပဲ ဖမ်းနေတာ။ ရောင်းတဲ့သူကို မဖမ်းဘူးဆိုတော့ မူးယစ်ဆေးက ပပျောက်သွားမှာ မဟုတ်ဘူး။ ရှိလာအုံးမှာပဲ “ ဟု ၎င်း အမျိုးသမီးက ဆိုပြန်သည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင်လည်း ပုံးအင်းဒေသအတွင်း နေထိုင်သည့် ပြည်သူများထံ ရှေ့တန်းရောက် တပ်သားများ ထောက်ပံ့ကြေးဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် PNO မှ တအိမ်ကို ကျပ်ငွေ ၄၀၀၀ နှင့် ဆန် ၂ ပြည် ကောက်ခံခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...