Tuesday, January 27, 2026

ပုံးအင်းဒေသတွင် မျှော့အစို တစ်ပိဿ ကျပ် ၈ သောင်းပေးပြီး ဝယ်ယူနေ

သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်သည့် ပုံးအင်းဒေသတွင် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူများက ဈေးကောင်းပေးပြီး ဝယ်ယူနေသဖြင့် တောင်သူများက လယ်၊ မြောင်းထဲရှိ မျှော့ကိုရှာကြပြီး ရောင်းနေကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသမှ ဒေသခံများ ရှာဖွေထားသည့် မျှော့

ယခင်က မျှော့အစို တစ်ပိဿကို ကျပ် ၆ သောင်းအထိသာ စျေးကောင်းပေးပြီး ဝယ်ယူခဲ့ရာမှ လက်ရှိမှာ မျှော့အစို တစ်ပိဿကို ကျပ် ၈ သောင်းအထိ ဈေးကောင်းပေးပြီး ဝယ်ယူနေကြောင်း ပုံးအင်းဒေသခံ တောင်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်လယ်လုပ်တဲ့ အချိန်တုန်းက မျှော့အစို တစ်ပိဿကို ၆ သောင်းကျပ်ပေါ့။ အခုက ဈေးတက်သွားပြီ။ မျှော့လည်း ရှားသွားတယ်။ အရင်က တစ်ယောက်ကို မျှော့အစို တစ်ပိဿ ၊ ၅၀ ကျပ်သား ရကြတယ်။ အခု မျှော့အစို တစ်ပိဿကို ၈ သောင်းကျပ် ပေးပြီးဝယ်နေတော့ မျှော့တောင် ရှားသွားတယ်။ မျှော့လည်း သိပ်မရကြတော့ဘူး “ ဟု ၎င်း အမျိုးသမီးက ပြောသည်။

အဆိုပါ မျှော့များကို ပုံးအင်းဒေသမှ မျှော့ပွဲစား တစ်ဦးထံ ရောင်းချပေးခဲ့ပြီး ထိုမှတစ်ဆင့် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူ ပွဲစားများထံ ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။

“ အခုက မျှော့တွေ ရှားသွားတော့ ရသလောက်ပဲ သွားရောင်းပေးကြတယ်။ ပုံးအင်းမှာက မျှော့တွေကို လိုက်ဝယ်တဲ့သူရှိတယ်။ သူကနေပြီး မျှော့တွေ အများကြီးရပြီဆိုရင် နယ်လှည့်လည်ပြီး မျှော့လိုက်ဝယ်တဲ့ ပွဲစားတွေကို ပြန်ရောင်းပေးတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ပုံးအင်းဒေသမှ မျှော့ရှာပြီး ရောင်းချနေရခြင်းမှာ အင်းလေးဒေသ နှင့် စံကားဒေသတို့တွင်လည်း ရှိကြောင်း သိရသည်။

ထို့အပြင် မျှော့ကို တစ်နည်းအားဖြင့် ဟင်းလျာအဖြစ် စားသုံးကြသလို တရုတ်နိုင်ငံတွင် မျှော့ကို တိုင်းရင်းဆေးဝါးကုသနည်းအဖြစ် သွေးတိုး၊ ဆီးချို ရောဂါသမားများကို သွေးစုပ်ထုတ်လေ့ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...