Friday, May 3, 2024

ပုံးအင်းဒေသ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်ဖုန်း ၆ လုံး ခိုးခံရ

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်များ၏ လက်ကိုင်ဖုန်း ၆ လုံး ခိုးခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄) ရက် နံနက်ပိုင်း ၁၁ နာရီတွင် ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားတစ်ဦးက နောင်စန့်ရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ဖုန်းအားသွင်းချင်သည်ဟုဆိုကာ ကိုရင်တစ်ပါးထံမှ အကူညီတောင်းခံခဲ့သည်။

ပုံးအင်းဒေသ နောင်စန့်ရွာ ဘုန်းကြီးကျောင်း

ထို့နောက် ကိုရင်တစ်ပါးမှ ၎င်း၏ ဖုန်းကိုယူ၍ ဖုန်းအားသွင်းပေးပြီး ဆွမ်းသွားဘုန်းနေစဥ် ကိုရင်လေးများ၏ လက်ကိုင်ဖုန်း ၆ လုံးကို ခိုးယူသွားကြောင်း နောင်စန့်ရွာ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းအောက်ဝင်လာပြီး ကိုရင်တစ်ပါးကို မေးတယ်။ အိမ်သာဘယ်မှာလဲ၊ ဖုန်းအားသွင်းချင်တယ်လို့ပြောတယ်။ ကိုရင်လဲ ဖုန်းအားသွင်းပေးလိုက်တယ်။ ပြီးတော့ နေ့လယ်ဆိုတော့ အကုန်လုံးက ဆွမ်းသွားစားကြတာ။ ဖုန်းခြောက်လုံး သွင်းထားတာ အကုန်ယူသွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းများခိုးယူသွားသူသည် အမျိုးသားတစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရှိရကြောင်း ၎င်းကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် နေ့စဉ်နီးပါး မျက်နှာစိမ်း ဝင်ထွက်သွားလာသူ များလာနေပြီး မည်သူဖြစ်ကြောင်း မသိရှိရကာ၊ ပြည်သူပိုင် ပစ္စည်းများ မကြာခဏ ခိုးခံရကြောင်းလည်း သိရသည်။

“ အရင်က ရေဝန်းရွာက ဘုန်းကြီးကျောင်းမှာလည်း ကိုရင် ဖုန်းခိုးခံရဖူးတယ်။ ပုံးအင်းမှာ ရေတက်ချိန်တောင်မှ သူခိုးတွေကို စိတ်မချတော့ဘူး။ သူခိုးတွေက တော်တော်များလာတယ် “ ဟု အဆိုပါ အမျိုးသမီးတစ်ဦး ထပ်လောင်းပြောသည်။

ထို့အပြင် ပုံးအင်းဒေသတွင် လာမည့် တော်သလင်းလပြည့်ကျော် (၈-၉) ရက်တွင် ရိုးရာလှေလှော်ပြိုင်ပွဲများ ပြန်လည် ကျင်းပသွားမည်ဆိုကာ ဆိုင်ကယ်သူခိုးများကိုလည်း သတိထားရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article