ပုံးအင်းဒေသ နေ့စား စပါးရိတ် အလုပ်သမားရှားပါးမှု ကြုံနေရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် စပါးရိတ်သိမ်းဖို့အတွက် နေ့စားအလုပ်သမားရှားပါးလာကြောင်း စုံစမ်းသိရသည်။

ပုံးအင်းဒေသ

ယခု ဇူလိုင်လ သီတင်းပတ်မှစ၍ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ မိုးစပါးများကို စတင်ရိတ်သိမ်းနေရာ နေ့စားလိုက် အလုပ်သမားရှားပါးလာသဖြင့် စပါးရိတ်သိမ်းစက်ကို အားကိုးကာ ရိတ်သိမ်းနေရကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားလိုက် အလုပ်သမား လုပ်အားခသည် ၆ နာရီကို ၁သောင်းကျပ် ပေး၍ ခေါ်ယူနေရပြီး စပါးကို စက်ဖြင့် ရိတ်သိမ်းပါက တစ်ဧကကို (၁ သိန်း၂ သောင်း) ကျပ်အထိ ပေးဆောင်နေရ ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီနှစ်ကတော့ လူခေါ်ရတာ နည်းတယ်။ လူလည်း သိပ်မရှိတော့ဘူး။ စက်နဲ့ ရိတ်ရတာများတယ်။ အရင်နှစ်က တစ်ဧကကို ၉ သောင်းပေးရတာ ဒီနှစ်ကတော့ ၁ သိန်းကျော်ပြီ။ လူခေါ်ရင်လည်း တစ်နေ့ကို ၁ သောင်း ပေးရတယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက်ကဆိုင်ရင် အစစအရာရာ ဈေးတက်လာတာပေါ့ “ ဟု ၎င်း အမျိုးသားက ပြောသည်။

အဆိုပါ နေ့စားခ၊ စပါးရိတ်ခများ မြင့်တက်လာသောကြောင့် တောင်သူများသည် ရိတ်သိမ်းပြီးချင်း စပါးအစိမ်းများကို တစ်ကြိမ်တည်း ရောင်းချပေးနေပြီး တစ်ပိဿကို ၁၂၀၀ ကျပ် ဈေးနှုန်းရရှိကြောင်း သိရသည်။

ထို့အပြင် ပုံးအင်းဒေသမှ တောင်သူများသည် ကုန်ဈေးနှုန်း၊ လယ်ယာစိုက်ပျိုးရေး စရိတ်နှုန်း မြင့်တက်နေသည့်အချိန်ကာလ၌ ရေရှည်စပါး စိုက်ပျိုးရန်အတွက် မတတ်နိုင်တော့ကာ လယ်ယာအစား ပဲပုတ်စိုက်ပျိုးခြင်း၊ လယ်ဧက လျော့ချပြီး စိုက်ပျိုးခြင်း ပြုလုပ်နေရကြောင်း သိရသည်။

“ တစ်နှစ်ပြီး တစ်နှစ် လယ်ဆက်လုပ်ဖို့က မလွယ်ဘူး။ လယ်ထွန်စရိတ်၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းစရိတ်တွေ အကုန်တက်တယ်။ စပါးဈေးက သိပ်မရှိဘူးလေ။ ရှိလာရင်တောင်မှ ကုန်ကျစရိတ်တွေနဲ့ ပြန်တွက်ကြည့်ရင် ဘယ်လောက်မှ မကျန်တော့ဘူး။ တချို့က ပဲပုတ်စိုက်တယ်။ လယ်ဧကကို လျော့ပြီး စိုက်တယ် လုပ်နေတာပဲ “ ဟု ပုံးအင်းတောင်သူ တစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး ကျဆင်းနေပြီး ပုံးအင်းဒေသ လူငယ်များသည် တစ်အိမ်လျှင် တစ်ယောက်နှုန်းအဖြစ် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း၊ တရုတ် နိုင်ငံတို့ကို အလုံးအရင်း ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အလုပ်သမားရှားပါးမှုအခြေအနေနှင့် ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...