ပုံးအင်း တောင်သူ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသအတွင်း ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ကာ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ပုံးအင်း စပါးရိတ်ချိန်

ပုံးအင်းဒေသထဲတွင် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် တို့ပါဝင်ပြီး၊ ထိုဒေသများတွင် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ယခင်က စပါးထွက်နှုန်း ကောင်းသော ဒေသဖြစ်ခဲ့သည်။

စစ်အာဏာသိမ်းလာပြီးနောက် ကုန်ပစ္စည်းများ အပါအဝင် ဒီဇယ်များ ၊ မြေသြဇာများ နှင့် ပိုးသတ်ဆေးများလည်း အဆမတန် မြှင့်တက်လာခဲ့သောကြောင့် တချို့တောင်သူလယ်သမားများ စပါးခင်းထဲ မြေသြဇာများ မထည့်လိုက်ရသဖြင့် စပါးပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း ပုံးအင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စပါးပျက်စီးမှုများဖြစ်လာပြီး ယခုကာလ စပါးရိတ်ခါစတွင် ယခင်ထက် ထွက်နှုန်းလျော့နည်းလာကာ၊ စပါးရိတ်ခများမှာလည်း နေ့စား တစ်ယောက် (၈၀၀၀) ကျပ် ၊ စပါးရိတ်စက် သုံးပါက တစ်ဧက (၆၀၀၀၀၀) ကျပ် ပေးဆောင် နေရပြီး စပါးဈေးပြန်မရလျှင် နှောင်နှစ်တောင်သူလယ်သမားများမှာ မိသာစုစားသုံးရန်အတွက်သာ စိုက်ပျိုး တော့မည် ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်း စပါးရိတ်ချိန်

“တစ်ဧက ပျှမ်းမျှနှုန်း တင်း (၄၀) ထွက်တယ်။ တစ်ဧက ကုန်ကျစားရိတ်က (၅၀၀၀၀၀)ကျပ် လောက်ကုန်တယ် ။ ဒါတောင် စပါးရိတ်သိမ်းခ မပါသေးဘူး ။စပါး (၁) တင်းမှာ (၇၀၀၀၀) ကျပ်လောက် ပြန်ရမှအရင်းရတာ။ ဒါတောင် တောင်သူလယ်သမားအခက်ခဲ မပါသေးဘူး ၊ မျိုးစပါး စားရိတ် မပါသေးဘူး ။ အခုက စပါးဈေးကွက်က မငြိမ်တော့ အရှုံးပေါ်မည်ကို စိုးရိမ်နေရတယ်၊ နောက်နှစ်တော့ စားဖို့သောက်ဖို့လောက်ဘဲ စိုက်တော့မယ် “ ဟု ၎င်းကပြောပြသည်။

အဆိုပါ တစ်ဧကအတွက် မျိုးစပါး (၁) တင်း (၂၀၀၀၀)ကျပ် ၊ ပျိုးခင်း မြေသြဇာ (၂) ပိဿ (၇၀၀၀) ကျပ် ၊ မြေသြဇာ တစ်အိတ် (၁၂၀၀၀၀) ကျပ်၊ ကားဖြင့် လယ်ထွန်ရန် တစ်နာရီ (၄၀၀၀၀) ကျပ် ၊ တစ်နှစ်သာအတွက် (၁) ဧက စပါးစိုက်ပျိုးရန် (၇၀၀၀၀၀) ကျပ် ကုန်ကျကြောင်းသိရသည်။

ထို့ပြင် ပုံးအင်းဒေသလူငယ်များသည် ထိုင်းနိုင်ငံ အတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်သောကြောင့် ယခုကာလ စပါးရိတ်သိမ်းချိန်တွင် လူငယ်များမရှိကာ စက်ကြီးကို အားကိုးနေရကြောင်း ပုံးအင်းဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်း စပါးရိတ်ချိန်

“ စပါးရိတ်ခတွေလည်း စျေးလည်းတက်လာတော့ အဆင်မပြေဘူး၊ လူကော စက်ကောပဲ အရင်နှစ်က လူငယ်တွေရှိတယ်။ အရင်နှစ်က စပါးရိတ်ရင် တစ်ဧက (၁၂) ယောက်နဲ့လည်း ပြီးတယ်လေ ၊ အခု (၁၅) ယောက်လည်းမပြီးဘူး လူငယ်ကလည်း မရှိတော့ဘူး ။ စပါးရိတ်စက်နဲ့လည်း ဒီဇယ် ဈေးတက်လာတယ် ၊ အားကိုးစရာ လူငယ်လည်း မရှိတော့ အခုလို စပါးရိတ်သိမ်းချိန်မှာ ခက်ခဲတယ်။ ရေကြီးရင် ပိုပြီးခက်ခဲတာပေါ့ ” ဟု ၎င်းကအမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက မိမိလုံခြုံရေးအတွက် ပုံးအင်းဒေသတွင် စစ်သင်တန်း ခေါ်ယူခြင်းကြောင့် ပုံးအင်းဒေသ လူငယ်များလည်း ကြောက်လန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်ဟု ဒေသခံများ၏ ပြောချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...