မိုးမိတ်မြို့နယ် ကျေးရွာတစ်ချို့ကို KIA နှင့် PDF တို့က လယ်ထွန်စက် မသုံးခိုင်း

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ကျေးရွာတစ်ချို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပြည်သူများကို လယ်ထွန်စက်မှ စက်မနိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လယ်ထွန်စက်နိုးခြင်းကြောင့် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲသံ မကြားမှာကို စိုးရိမ်သောကြောင့် KIA နှင့် PDF တို့မှ လယ်ထွန်စက်မသုံးခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ဆိုင်းလျန်ရွာမှာက ရေတွေ စပါးကို လာမြှုပ်တယ်။ တစ်ချို့အိမ်ဆို စပါးကို မရိတ်သိမ်းလိုက်ရသေးတော့ ပျက်စီးသွားတယ်။ အစကနေအသစ်ပြန်လုပ်မယ်ဆိုတော့ KIA နှင့် PDF တပ်ဖွဲ့က လယ်ထွန်စက်အသံမထွက်ရဘူးလို့ပြောထားတယ်။ ကျနော်တို့ ပြည်သူတွေဘာမှ လုပ်လို့မရဘူး။ ရပ်ထားလိုက်ရတယ်။ သူတို့ တားဆီးလာတာတော့ ၃ ရက်လောက်တော့ ရှိပါပြီ။ ဒီအတောအတွင်း ဘာစက်အသံမှ မထွက်စေနဲ့တဲ့” ဟု နေရာဒေသ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

KIA&PDF

အလားတူ စင့်ကင်ကျေးရွာ နှင့် သရက်တောကျေးရွာတွင်လည်း စက်နိုးသံမထွက်ခိုင်းကြောင်း၊ ထိုဒေသတွင် စစ်ကောင်စီတို့တပ်ဆွဲထားပြီး လက်ရှိမှာ KIA နှင့် PDF တို့က ထိုကျေးရွာကို ဝိုင်းထားကြောင်းသိရသည်။

ထိုသို့ လယ်ယာလုပ်ချိန်တွင် လယ်ထွန်စက်မသုံးခိုင်းသောကြောင့် ပြည်သူများအတွက် ခက်ခဲနေကြောင်း သိရသည်။

“ ဒီစင့်ကင်ကျေးရွာထဲမှာက စစ်ကောင်စီတွေရှိတယ်။ ရွာပတ်လည်မှာ KIA နဲ့ PDF တို့ကဝိုင်းထားတယ်။ လေယာဉ်လာရင် အသံမကြားမှာဆိုလို့ ပြီး လယ်ထွန်စက်တွေ မနိုးခိုင်းထားတာ။ သူတို့ ဒီလိုမလုပ်ခိုင်းတော့ ကျနော်တို့ အလုပ်လုပ်တဲ့ချိန်မှာခက်ခဲတယ်” ဟု မိုးမိတ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ဆိုင်းလျန် (သဲနီကျေးရွာ)တွင်လည်း စစ်ကောင်စီက စစ်အင်အားဖြည့်နေကြောင်းသိရသည်။

အဆိုပါ KIA နှင့် PDF တပ်ဖွဲ့တို့က မိုးမိတ်မြို့နယ်အတွင်းရှိ ဆိုင်းလျန်(သဲနီကျေးရွာ)၊ စင့်ကင်ကျေးရွာ နှင့် သရက်တောကျေးရွာတို့ကို စက်သံများမထွက်စေရန်အတွက် ပြောဆိုထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...