စစ်ကောင်စီဘက်မှ SSPP/SSA တပ်စခန်းဘက် စစ်အင်အား ဖြည့်တင်းနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာအနီးသို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းနေရာများဖြစ်ကြသည့် လွိုင်နိုင်း – မန်ဝိန်း ဘက်သို့ ညသန်းခေါင် လူနေခြေတိတ်ချိန်တွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း မိုင်းရှူး မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေအင်အားဖြည့်တာက ညသန်းခေါင် ည ၁၁ နာရီ ၁၂ နာရီ လောက်ဖြစ်ကြတယ်၊ ပြီးခဲ့တဲ့ နှစ်ရက်က စပြီး လွိုင်နိုင်း တောင်ကြောတစ်ဝိုက်မှာ ခြုံတောတွေထဲမှာ စစ်ကောင်စီတွေ ပုန်းထားတယ်၊ ကြည့်ရသလောက်ဆို ပစ်ခတ်မှုတော့ ဖြစ်မဲ့ပုံပါပဲ” ဟု အထက်ပါအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မိုင်းရှူးမြို့ဝင် မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားနှင့် ရဲတို့၏ စစ်ဆေးမေးမြန်းမှုများ အရင်ကထက် ပိုမို တင်းကြပ်လာကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်လက်ပြောဆိုထားသည်။

စစ်ကောင်စီ

“နမ့်ကတ်စစ်ဆေးရေးဂိတ် အဆိုးရွားဆုံးပဲ၊ ဘယ်ကလာလဲ ဘယ်သွားမှာလဲ ဆိုတာတွေမေးပြီး ရေးမှတ်ထားတယ်၊ စာသင်ကျောင်းတွေမှာလည်း စစ်သားအစောင့်တွေ အများကြီးရှိတယ်၊ ၂ ရက်ခြား တစ်ကြိမ် ဒီလွိုင်နိုင်း-မန်ဝိန်း တောင်ကြောတစ်ဝိုက်ကို လေယာဥ်နှစ်စီးနဲ့ လာပြီး ပတ်ကြည့်တာ တစ်ပတ်ကျော်လောက် ရှိပြီ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင်တို့ ဆွေးနွေးခဲ့စဥ်တွင် SSPP တပ်စခန်းနေရာများကို ၇ ရက် အတွင်း ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး မိုင်းရှူးဒေသခံလူငယ်များက တပ်စခန်းဆုတ်ပေးသည်ထက် စစ်ကောင်စီ တို့မှ သျှမ်းပြည်သူ/ပြည်သားများ အပေါ် ဖိနှိပ်မှုများသည် နှစ်ပေါင်းများစွာ ရှိလာသည့်အတွက် ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသကို ကာကွယ်ထားသင့်ကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသုံးသပ်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...