Wednesday, January 28, 2026

ပုံးအင်းဒေသ စပါးခင်းများ ရေလျှံပျက်စီးမှာ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသ အတွင်း စပါးခင်းများ ရေလျှံ ပျက်စီးမှုထပ်မံဖြစ်ရန် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

ပုံးအင်း ဒေသ

ယခင်က NLD အစိုးရတွင် မြောင်းကိုတူးဖော်ပေးရန်အတွက်တင်တောင်းခဲ့ပြီး လက်ရှိတွင် ဘတ်ဂျက် ကျလာသော်လည်း သက်ဆိုင်တာဝန်ရှိသူများက မြောင်းကိုလာမတူးပေးသေးသဖြင့် မိုးရာသီမှာ လယ်ကွင်းထဲရေကြီးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပုံးအင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဒီနှစ်မိုးရာသီမှာလည်း စပါးတွေရေထဲထပ်မြှုပ်သွားမှာပဲလေ။ အခုက ကျနော်တို့ မြောင်းတူးဖို့လိုနေတာ။ ဘတ်ဂျက်တော့ ကျလာပြီ သက်ဆိုင်ရာအဖွဲ့ကတော့ ဘာမှ လာမလုပ်ပေးသေးဘူး။ ကျနော်တို့ပဲ ကိုယ်တိုင်လုပ်သွား ရမလားမသိဘူး။ တကယ်လို့ မြောင်းမတူးထားနိုင်ရင်လည်း ကျနော်တို့အတွက် လယ်လုပ်တဲ့အခါမှာ အခက်အခဲရှိတယ်” ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်း ဒေသခံ

ထို့အပြင် လက်ရှိနိုင်ငံရေး နှင့် ကိုဗစ် -၁၉ အခြေနေတွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ထွက်ကုန်က ဈေးမရရှိ သောကြောင့် ဒေသခံလူငယ်များက ထိုင်းနိုင်ငံသို့ ထွက်လာခဲ့ကြောင်း သိရသသည်။

“ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်ကုန်ပြီး။ ကျနော်တို့စိုက်ပျိုးတဲ့ ဒေသတွင်းက ထွက်ကုန်ကျတော့ ဈေးမရှိတော့ဘူး။ ဈေးပေါရတယ်။ အခုဆိုရင် ကျနော်တို့ရွာမှာ လူတွေလည်း ထိုင်းနိုင်ငံကို သွားကုန်ကြပြီ။ ၁၀၀ မှာ ၂၀ လောက်ပဲရွာမှာကျန်တော့တယ်။ လူငယ်တွေလည်း အများကြီး ရွာကနေထွက်သွားကုန်ကြပြီ” ဟု ဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါလယ်ကွင်းထဲရေကြီးမှုကြောင့် ဒေသခံများက နှစ်စဉ်ရေအောက်တွင် စပါးကို ရိတ်သိမ်းကြရပြီး၊ ရေကြီးမှု ပြသာနာကို ဖြေရှင်းပေးနိုင်ရန်အတွက် ဒေသခံများက သက်ဆိုင်ရာအစိုးရထံ အမြန်ဆုံး လာရောက်ဖြေရှင်း ပေးရန်တောင်းဆိုနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသတွင် မိုးကြီး၍ နွေစပါး ဧကပေါင်း ရာနှင့်ချီ နစ်မြှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွေစပါးစိုက်ခင်းများ ဧကပေါင်း ရာနှင့်ချီ ရေနစ်မြှုပ်သွားခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ခင်း...

ပုံးအင်းဒေသ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်ဖုန်း ၆ လုံး ခိုးခံရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်များ၏ လက်ကိုင်ဖုန်း ၆ လုံး ခိုးခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄) ရက် နံနက်ပိုင်း ၁၁ နာရီတွင် ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားတစ်ဦးက နောင်စန့်ရွာရှိ...

ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို PNO မှ ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်ပြီး ငွေတောင်းခံနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူ့စစ် PNO မှ ဆက်တိုက်ဖမ်းဆီးနေပြီး ငွေတောင်းခံနေကြောင်း စုံစမ်းသိရသည်။ . ပအိုဝ်းပြည်သူ့စစ် PNO သည် ပုံးအင်းဒေသရှိ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီးပြီး တစ်ဦးကို ကျပ်သိန်း ၄၀ ကျော် တောင်းခံလျက်ရှိကြောင်း...

ပုံးအင်းဒေသ နေ့စား စပါးရိတ် အလုပ်သမားရှားပါးမှု ကြုံနေရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် စပါးရိတ်သိမ်းဖို့အတွက် နေ့စားအလုပ်သမားရှားပါးလာကြောင်း စုံစမ်းသိရသည်။ ယခု ဇူလိုင်လ သီတင်းပတ်မှစ၍ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ မိုးစပါးများကို စတင်ရိတ်သိမ်းနေရာ နေ့စားလိုက် အလုပ်သမားရှားပါးလာသဖြင့် စပါးရိတ်သိမ်းစက်ကို အားကိုးကာ ရိတ်သိမ်းနေရကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ စပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားလိုက် အလုပ်သမား...

ပုံးအင်းဒေသတွင် မျှော့အစို တစ်ပိဿ ကျပ် ၈ သောင်းပေးပြီး ဝယ်ယူနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်သည့် ပုံးအင်းဒေသတွင် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူများက ဈေးကောင်းပေးပြီး ဝယ်ယူနေသဖြင့် တောင်သူများက လယ်၊ မြောင်းထဲရှိ မျှော့ကိုရှာကြပြီး ရောင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က မျှော့အစို တစ်ပိဿကို ကျပ် ၆ သောင်းအထိသာ...