ပုံးအင်းတောင်သူများကို ထောက်ပံ့ကြေးငွေပေးမည်ဟုဆိုပြီး အတိုးနှုန်းဖြင့် ပြန်ဆပ်ရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက တောင်သူများကို ထောက်ပံ့ကြေးပေးမည်ဟုဆိုပြီး စိုက်ပျိုးရေးဦးစီးဌာနက အတိုးနှုန်းဖြင့် ပြန်ဆပ်နေရမည်ဟု ပြောဆိုခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

ပုံးအင်း

ပြီးခဲ့သည့် သြဂုတ်လပိုင်းက ပုံးအင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးများ ဧက ၂၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး တောင်သူအရှုံးပေါ်ခဲ့ရသည်။

ထို့ကြောင့် စိုက်ပျိုးရေး ဦးစီးဌာနက လယ်တစ်ဧကကို မြန်မာကျပ်ငွေ ၂ သိန်းနဲ့ ထောက်ပံ့ကြေးငွေပေးပြီး ထိုထောက်ပံ့ကြေးငွေထဲမှ ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၉၀ ပြားနှုန်းကို ယူမည်ဖြစ်ကြောင်း ပုံးအင်းဒေသခံ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အခုက ထောက်ပံ့ကြေးငွေ လာမပေးသေးပါဘူး။ ထောက်ပံ့ကြေးငွေပေးမယ် ကျပ် ၁၀၀ ကို ၉၀ ပြားနှုန်းနဲ့ အတိုးယူမယ်၊ ထောက်ပံ့ကြေးငွေရချင်ရင် မြေဂရမ် မိတ္တူကို လာပေးပါလို့ အကြောင်းကြားလာတာပါ။ တချို့က ထောက်ပံ့ကြေးငွေယူမယ်ဆိုလည်း အတိုးပေးရတာလို့ ယူရမလား၊ မယူရဘူးလား ဆိုပြီး ခက်နေတာ” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထောက်ပံ့ကြေးငွေယူလျှင် (၆) လတစ်ကြိမ်လျှင် အတိုးငွေတစ်ခါ ဆပ်ရပြီး (၁) နှစ်ပြည့်လျှင် အရင်းနှင့် အတိုးငွေ များအားလုံးကို ပြန်လည်ဆပ်ရမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းမှာ တောင်သူများကို အသိပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်သူများ အချို့က စစ်ကောင်စီလက်အောက်ခံပေးသည့် ထောက်ပံ့ကြေးငွေကို မယူဘဲ နှောင်နှစ် စိုက်ပျိုးမည့် လယ်ယာကို ဧကလျှော့ပြီး စိုက်ပျိုးတော့မည်ဖြစ်ကြောင်း နောင်စန့်ဒေသခံ အသက် ၃၅ နှစ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ ဒီနှစ် စပါးရေမြှုပ်ပြီးကတည်းက အရှုံးပေါ်နေပြီလေ။ နောင်နှစ် လယ်ဆက်လုပ်ဖို့အတွက် ထောက်ပံ့ကြေးငွေ ယူမယ်တော့လည်း အတိုးက ထပ်ပေးရသေးတယ်။ နောက်နှစ် လယ်ဆက်လုပ်ရန် စားဖို့အတွက် နည်းနည်းပဲ လုပ်တော့မယ်။ ကျန်တဲ့ဟာတွေ ဒီတိုင်းပဲ ထားတော့မယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာတွင် နေထိုင်တဲ့ တောင်သူအမျိုးသားတစ်ဦးက လယ်လုပ်တာဟာ ကုန်ကျစရိတ်များသည့်အတွက် နှောင်နှစ် လယ်မလုပ်တော့ရန် ဆုံးဖြတ်ထားကြောင်း ဆိုပါတယ်။

“ လယ်ကတော့များပါတယ်။ လုပ်မယ့်သူက မရှိဘူးလေ၊ လုပ်ရန်လည်း ကုန်ကျစရိတ်ကများတော့ နောက်နှစ် လယ်ဆက်မလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျနော်လယ်တွေ ဘယ်သူလုပ်ချင်လည်းဆိုပြီး အလကား ပေးလုပ်တာ ဘယ်သူမှ မလုပ်ဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းက စပါးခင်းများမှာ နှစ်စဉ်နှစ်တိုင်း ရေလွှမ်းခြင်းခံရပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စိုက်ပျိုးရေး ဦးစီးဌာနများသည် တောင်သူများကို ထောက်ပံ့ကြေးငွေ ပေးပြီး အတိုးငွေ မယူခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...