Thursday, May 2, 2024

ပင်လောင်းမြို့

ပင်လောင်းမြို့နယ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသား ၁ ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ကျည်စမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၀ ရက်) ညနေပိုင်း အချိန်ကစပြီး နမ့်နိမ့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့တိုက်ပွဲ ဆက်လက်...

ပင်လောင်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ရှောင် (၅,၀၀၀) ကျော်သည် ဆယ်ရက်ကျော်ကြာ အိမ်ကို မပြန်နိုင်သေးကာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၉ ရက်) နံနက်အစောပိုင်း ၆ နာရီ ဝန်းကျင်မှစတင်ပြီး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

ပင်လောင်းမြို့ အရပ်သား (၃) ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေချိန် တောင်မဲတင်းကျေးရွာ ဒေသခံ (၃) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ပင်လောင်းမြို့နယ် တောင်မဲတင်းကျေးရွာဒေသခံ ၃ ဦး သတ်ဖြတ်ခံရခဲ့ကြောင်း ပင်လောင်းမြို့...

ပင်လောင်း စစ်ရှောင်စခန်း မိုးကာများလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ မိုးကာ လိုအပ်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မနက်ပိုင်း ၅ နာရီဝန်းကျင် အချိန်၌ ပင်လောင်းမြို့နယ်အတွင်းတွင် မိုးများစတင်ရွာသွန်းကာ မိုးသီးများကြွေကျနေသဖြင့် မိုးကာဖြင့် ဖြစ်သလို ဆောက်ထားရသည့် စစ်ရှောင်စခန်းတွင် မိုးလုံလေလုံမရှိကြောင်း၊...

ပင်လောင်းမြို့နယ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြားတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၈ ) နှင့် ယနေ့ (ဇန်နဝါရီ ၁၉ ) ရက်တွင် စစ်ကောင်စီက ပင်လောင်းမြို့နယ် နမ့်ပန်ကျေးရွာ...

ပင်လောင်း စစ်ရှောင် ၂ ဦး ခွဲစိတ်ကုသမှု ကုန်ကျစရိတ်လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ခွဲစိတ်ကုသမှု ကုန်ကျစရိတ် အကူညီ လိုအပ်နေကြောင်း သိရှိရသည်။ စစ်ရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် ခြေထောက် ပေါင်တွင် မွေးရာပါ အဖုအတိပ် များဖြစ်ပြီး ခွဲစိတ်ရမည်ဟုဆိုသဖြင့် ပြီးခဲ့သည့် ၂၀၂၂...

ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များသည် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသည့်အတွက် တခြားမြို့သို့ ခရီးသွားလာရန် ခက်ခဲနေကြောင်း စစ်ရှောင်များထံမှ သိရသည်။ ကရင်နီ (ကယားပြည်) တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ယခုအချိန်မှာ...

ပင်လောင်းမြို့ လူငယ် အမျိုးသမီးတစ်ဦး (၂) ပတ်ကြာ အဆက်အသွယ်မရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ လူငယ်အမျိုးသမီးတစ်ဦးသည် (၂) ပတ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးသည် သြဂုတ် ၃၀ ရက်၊နံနက် ၆ နာရီခွဲတွင် ပန်းချယ်ရီလိုင်ကားဖြင့် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ထွက်သွားရာ ယနေ့အချိန်ထိ...

ပင်လောင်း စစ်ဘေးရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့အတွင်း ရောက်ရှိနေသည့် စစ်ရှောင်များသည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီ ဖက်တို့မှ စစ်ရှောင်ကြသူများဖြစ်ကြပြီး စစ်ရှောင် (၃၀၀) ကျော်သည် စားနပ်ရိက္ခာများ အပါအဝင် အမျိုးသမီးအဝတ် နှင့် ဆေးဝါးများ ဝယ်ယူရန်ခက်ခဲ...

Latest news