Wednesday, January 28, 2026

ပင်လောင်းမြို့ရှိ စစ်ရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပြီး အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင် ၁သောင်းခန့်သည် ၂၀၂၄ ဇန်နဝါရီလ မှစ၍ လက်ရှိအချိန်ထိ အလှူရှင်မရှိသဖြင့် ကြုံရာကျပန်း လုပ်သော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာများ ပြက်လပ်မှုဖြစ်ပွားနေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်သွားတဲ့ လူတွေလည်း ပြန်ပြေးလာကြတာ။ အလုပ်ကလည်း ရှားတယ်။ ကြာလာတော့ စားဖို့က ခက်ခဲလာတယ်။ ဘေးအိမ်တွေချေးငှားပြီး စားနေရတာပေါ့။ စားဖို့ကဆန့်ပြုတ်တောင် လုပ်သောက် နေရတယ်။ ဆန်တွေကသိပ်မကျန်တော့ဘူး။”ဟု စစ်ရှောင်အမျိုးသားက ဆိုသည်။။

လက်ရှိမှာ စစ်ဘေးရှောင်များအတွက် နေရာများသာပေးနိုင်ပြီး စားနပ်ရိက္ခာ ထောက်ပန့်ရန် အလှူရှင်မရှိသည့်အတွက် အခက်အခဲများစွာ ရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကို နာရာပဲ ပေးနိုင်တယ်။ ဒီနောက်ပိုင်းစားနပ်ရိက္ခာတွေ က မထောက်ပန့်နိုင်တော့ဘူး ။ ရှေ့လျှောက် ကတော့ ငက်ဖို့ပဲရှိလောက်မယ်။ အပင်မြင့် ဖြစ်တဲ့ပြောင်းဖူးတွေကို တော်လှန်ရေးဖက် ပေးမစိုက်ဘူးထားတော့ ဘယ်သူမှ ပြောင်းဖူမစိုက်ရဲတော့ အလုပ်ကမရှိဘူး။နောက်ဖုန်းလိုင်းတွေကလည်း မရဘူး။”ဟု စစ်ဘေးရှောင်ကူညီ သူအမျိုးသားတစ်ဦးက ပြောသည်။

သျှမ်း-ကရင် နယ်စပ်တကြောမှ ထွက်ပြေးလာသော စစ်ဘေးရှောင်များသည် ဗန်းမောက်ရွာ၊ကုန်းဘောရွာ၊ ဆောင်လှန်ရွာ၊ဟိုဝိုးရွာ၊တောပိုကလေးရွာ စသည့် ကျေးရွာ ၈ ရွာသည် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သောင်ခန့်ရှိကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

စစ်ရှောင်အများစု တိုက်ပွဲများကြောင့် ကရင်နီပြည်၊ဒီမောဆို၊ဖယ်ခုံ နှင့် မိုးဗြဲစသည့် ဒေသများ မှ ပင်လောင်း မြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကပြီး ဘာသာရေးအဆောက်အဦးနှင့် နေအိမ်များတွင် နေထိုင်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...