အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ

သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထပ်ရောက်လာမယ်ဆိုရင်တော့ လော‌လောဆယ်တော့ နေရာတွေက အခက်အခဲဖြစ်နေတာ ဘုန်းကြီးကျောင်း တွေမှာလည်း ပြည့်နေပြီ။ အခုစာရင်းကောက်ထား တာကတော့ ၁၀၀ ‌ကျော်လောက်ပဲ နေရာရတယ်။အိမ်ငှားနေကြ တာတွေပေါ့။ ရောက်လာ‌တွေတော့ အများကြီးပဲ။ ပြီးခဲ့တဲ့ရက်တွေကလည်း လူဦးရေ ၅၀၀ လောက်လာကြတာ။ ဘုန်ကြီးကျောင်းမှာ ပြည့်နေတော့ လက်မခံလိုက်ရဘူး ”ဟု ၎င်းက ပြောသည်။

ထို့အပြင် အောင်ပန်းမြို့ရှိ လုံးချင်းအိမ်၊ အခန်းနှင့် အငှားဆိုင်ခန်းများလည်း ယခင်ကထပ် ဌားရမ်းခဈေးမြင့် တက်လာသည့်အတွက် စစ်ဘေးရှောင်များအတွက် အခက်တွေ့နေကြောင်း ၎င်းကဆက်ပြောသည်။

“နေရာတွေကလည်း ခက်ခဲတယ်။ အိမ်ခန်းငှားမယ်ဆိုရင်တောင် ဈေးကြီးတွေ ဈေးတင်တာတွေမလုပ်ပါနဲ့ တွေ့နေရတယ်။အိမ်ငှာနေတာကလည်း စစ်ဘေးရှောင်လာကြရတာလေ။ ဈေးကအရမ်းကြီးတော့ တချို့တွေ ကြ‌တော့ တခြားနေရာတွေ ပြန်သွားတာတွေရှိတာပေါ။ပုံမှန်ဈေးတွေထပ်တော့ နည်းနည်းတက်တာပေါ့။ အကုန်လုံး ကတော့အိမ်ကိုပြစ်ပြီးပြေးလာကြတာလေ ခုတော့ လက်ထဲရှိတာလေးနဲ့ပဲနေနေကြရတာပေါ့”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအောင်ပန်းမြို့နယ်တွင် သျှမ်း-ကားယားနယ်စပ်မှလာသော စစ်ဘေးရှောင်များ၊သျှမ်းမြောက် လားရှိုးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ လာသော စစ်ဘေးရှောင်များရှိပြီး ဘုန်းကြီးကျောင်း၊ဆွေမျိုးအိမ်နှင့် အိမ်ခန်းတွင် ဌားရမ်း၍နေကြကာ စစ်ဘေးရှောင်စုစုပေါင်း လူဦးရေ ၃ ထောင်ဝန်းကျင်ခန့်ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ကင်းရာ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်နှင့် တောင်ကြီး၊ အောင်ပန်းစသည့် မြို့များသို့ ရောက်ရှိနေကြပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...